ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်  ဩဂုတ်   ၄


ပြန်ကြားရေးဝန်ကြီးဌာန       ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန     စာပေဗိမာန်ရုံးက အပတ်စဉ်  စနေနေ့တိုင်း  ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

 


၆-၈-၂၀၂၂  ရက်  (စနေနေ့)  တွင် ထွက်ရှိ မည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၃၂) တွင်     မိမိအနေဖြင့်    အင်အားကြီးမား၍ မာန်တက်ကာ သူတစ်ပါးအပေါ် မောက်မာပါ က   မိမိမှာသာ    ပျက်စီးစေတတ်ကြောင်းကို တင်ဆက်ထားသည့်        “မောင်လူအေးနှင့် မန်ကျည်းပင်ကြီး”      မျက်နှာဖုံးကာတွန်း၊ တောင်တက်ခြင်းဖြင့်   ရရှိလာမည့်   အကျိုး ကျေးဇူးများကို         တင်ဆက်ထားသည့်    “တောင်တက်ခြင်းရဲ့     အကျိုးကျေးဇူးများ” သုတဆောင်းပါး၊      ကလေးတို့ပေးပို့သော ကာတွန်းလက်ရာများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့လက်ရာ”  ကဏ္ဍ၊ အမည်နာမသည် အဓိကမဟုတ်ဘဲ အသုံးဝင်မှုကသာ အဓိက ဖြစ်ကြောင်းကို         တင်ဆက်ထားသည့်   “မဆား”  နှစ်မျက်နှာကာတွန်း၊ ကလေးတို့ အနေဖြင့် မိဘတို့၏ ဆိုဆုံးမမှုကို နာခံရန်နှင့် အရာရာကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုးစားပါက  အောင်မြင်နိုင်ကြောင်းကို  ရေးသားထားသည့် “လွယ်လွယ် နဲ့မရနိုင်ဘူး”   ဝတ္ထု၊  နေ့ရောညပါ    ဂိမ်းကစားလွန်း၍       အာရုံကြောများချည့်နဲ့ သွားသော ရန်ပိုင်စိုးအကြောင်းကို ဂရုပြုဖွယ် ရေးဖွဲ့ထားသည့်   “ရန်ပိုင်စိုး”   တစ်မျက်နှာ ကာတွန်း၊    အလှမာန်တက်ကာ   မောက်မာ လွန်းသော ရူပကလျာမင်းသမီးကို အမြင်မှန် ရရန် ပြုလုပ်ပေးခဲ့သော မဟာသိပ္ပတိုင်းပြည် မှ မင်းသားလေးအကြောင်းကို ရေးဖွဲ့ထားသည့် “ပညာရှိမင်းသားနဲ့ မာနရှင်မင်းသမီး” ပုံပြင်၊ ခူကောင်လေး၏ ဇွဲကောင်းမှုကြောင့် အသက် ဘေးအန္တရာယ်မှ      ကင်းလွတ်ခွင့်ရရှိခဲ့ပုံကို အတုယူဖွယ်    တင်ဆက်ထားသည့်   “လုံ့လ ဝီရိယ” နှစ်မျက်နှာကာတွန်း၊ ကလေးတို့အနေ ဖြင့် အင်္ဂလိပ်စာ၏အသုံးဝင်ပုံကို သိရှိကာ ကြိုးစားသင့်ပုံကို           ရေးဖွဲ့ထားသည့် “ဖိုးလပြည့်”  နှစ်မျက်နှာကာတွန်း၊ မိတ်ဆွေ နှစ်ဦးတွေ့ဆုံပြီး ပြန်ခါနီးတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်    နှုတ်ဆက်စကားပြောဆိုရာ၌ သုံးနှုန်းပြောဆိုပုံအချို့ကို တင်ဆက်ထားသည့် ဆရာ KML၏  “ရွှေသွေးစကားဝိုင်း” ကဏ္ဍနှင့် ကဗျာကဏ္ဍတို့အပါအဝင်      ကဏ္ဍစုံလင်စွာ ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန်စာအုပ် အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။    

သတင်းစဉ်