ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်    မေ    ၂၆


ပြန်ကြားရေးဝန်ကြီးဌာန       ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန  စာပေဗိမာန်ရုံးက  အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

 


၂၈-၅-၂၀၂၂   ရက်   (စနေနေ့)    တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်  အတွဲ (၅၄) အမှတ်(၂၂) ၌ အပျံသင်စငှက်ငယ်လေးကို အကူအညီပေးခဲ့သော ပါပီလေးအကြောင်း ရေးဖွဲ့ထားသည့်   “ပါပီလေး”   မျက်နှာဖုံး ကာတွန်း၊ “ဥမင်လိုဏ်ခေါင်း” အကြောင်းကို ကလေးတို့ ဗဟုသုတ ဖြစ်ဖွယ်တင်ဆက် ထားသည့် သုတဆောင်းပါး၊ သူငယ်ချင်း၏ စေတနာအမှန်ကို နားလည်သိရှိသွားသော ဖိုးလုံးအကြောင်းကို တင်ဆက်ထားသည့် “ရွှေဖဲ”   နှစ်မျက်နှာကာတွန်း၊  မြိုင်သည် သူ၏အဘိုးကို ပြောခဲ့သော အလုပ်သုံးခုကို  အမှန်တကယ် လုပ်ဆောင်နိုင်ခဲ့ပုံအကြောင်း ရေးဖွဲ့ထားသည့် “နေကြာဘွားဘွား” ဝတ္ထု ကဏ္ဍ ၊ ဦးလေး၏ ဘောင်းဘီကို မီးပူတိုက် ပေးလိုက်သော အာတူးအကြောင်းကို ရေးဖွဲ့ ထားသည့်    “အာတူးရဲ့    စားရခါနီးမှ” တစ်မျက်နှာကာတွန်း၊ စာပေဗိမာန်စိန်ရတု အထိမ်းအမှတ်အဖြစ် ပြုလုပ်သော ရွှေသွေး တို့လက်ရာ  စာစီစာကုံးပြိုင်ပွဲတွင် ဆန်ခါ တင်အဆင့်   ရွေးချယ်ခံရသည့်    “ကျောင်း စာကြည့်တိုက်”စာစီစာကုံး ကဏ္ဍအပါအဝင်  ဉာဏ်စမ်းကဏ္ဍ၊ အင်္ဂလိပ်စကားဝိုင်းကဏ္ဍ နှင့်   ကဗျာကဏ္ဍစုံလင်စွာဖြင့်   ထွက်ရှိပြီ ဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်