ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော်   မေ   ၁၉


ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း  ရွှေသွေးဂျာနယ်ကို ထုတ်ဝေ ဖြန့်ချိလျက်ရှိသည်။

 


၂၁-၅-၂၀၂၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄) အမှတ်(၂၁)၌ ဘက်လိုက်မှုမရှိဘဲ မှန်မှန်ကန်ကန်ဆုံးဖြတ် တတ်သည့် ဘုရားလောင်းရာပြတ်အမတ်နှင့် တံစိုးလက်ဆောင်ယူကာ ဘက်လိုက်ဆုံးဖြတ်တတ်သည့်    ရာပြတ်အမတ်တို့အကြောင်းကို တင်ဆက်ထားသည့် ‘‘မိုက်မဲသောရာပြတ်’’ မျက်နှာဖုံးဇာတ်လမ်း၊ တိရစ္ဆာန်ထဲတွင် ဉာဏ်ရည်ထက်မြက်သော    ချင်ပန်ဇီမျောက်ဝံ အကြောင်းကို ဗဟုသုတရဖွယ် ရေးဖွဲ့ထားသည့် ‘‘ချင်ပန်ဇီမျောက်ဝံ’’ သုတဆောင်းပါး၊ သူဌေးကြီးတစ်ဦးသည် မိမိတွင်ရှိသော ဥစ္စာပစ္စည်း များကို နှမြောတွန့်တို၍  မလှူရက်၊ မသုံးစွဲရက်သော်လည်း သူခိုး ခိုးယူ၍ ကုန်ဆုံးသွားရပုံကို သရုပ်ဖော်တင်ဆက်ထားသည့် ‘‘ကပ်စေး နှဲသူ’’ နှစ်မျက်နှာကာတွန်း၊ အစားအစာကိုသာ မက်မော၍   မိမိ ကြုံတွေ့ရမည့်ဒုက္ခကို    မစူးစမ်းမဆင်ခြင်မိသော    မျောက်လေး  အကြောင်းကို  ရေးဖွဲ့ထားသည့်  ‘‘အမြီးတိုသွားတဲ့ မျောက်စပ်စု’’ ပုံပြင်၊ ဖြတ်ထိုးဉာဏ်ကောင်းသော ဖိုးသားအကြောင်းကို  ဟာသ ဖြစ်ဖွယ်တင်ဆက်ထားသည့် ‘‘ဖိုးသား’’ တစ်မျက်နှာ  ကာတွန်း၊ ညီအစ်ကိုမောင်နှမပင်ဖြစ်သော်လည်း အရာရာကို မျှမျှတတဆောင် ရွက်မှသာ လေးစားမှုရမည်ဖြစ်ကြောင်းကို ပညာပေးတင်ဆက်ထား သည့် ‘‘မေတ္တာအသွားအပြန်’’ ဝတ္ထု၊ သူတစ်ပါးကို အနိုင်ကျင့်ပါက မိမိတွင်လည်း  ဒုက္ခရောက်နိုင်ပုံကို  သရုပ်ဆော်ရေးဖွဲ့ထားသည့် ‘‘မင်းမင်း’’ နှစ်မျက်နှာကာတွန်း၊ ပိုင်ရှင်မသိရှိဘဲ သူတစ်ပါးပစ္စည်း များကို မယူသင့်ကြောင်း  ပညာပေးရေးဖွဲ့ထားသည်  ‘‘ဦးစောနှင့် နိုးတူး’’ နှစ်မျက်နှာကာတွန်း၊ သက်ရှိသက်မဲ့များကို တစ်ခုနှင့်တစ်ခု နှိုင်းယှဉ်ရာတွင်  အသုံးပြုသည့် Adjective (နာမဝိသေသန)များ အကြောင်းကို   လေ့ကျင့်ခန်းများနှင့်တကွ  တင်ဆက်ထားသည့် ‘‘ရွှေသွေးအင်္ဂလိပ်သဒ္ဒါ’’ အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍ၊ ရွှေသွေး တို့လက်ရာကဏ္ဍနှင့် ကဗျာကဏ္ဍတို့အပါအဝင်   ကဏ္ဍစုံလင်စွာ ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့်  စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။


သတင်းစဉ်