
နေပြည်တော် မေ ၅
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၇-၅-၂၀၂၂ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄) အမှတ် (၁၉) ၌ အသားငါးများကို မစားတော့ဘဲ ဟင်းသီး ဟင်းရွက်ကိုပဲ စားတော့မည်ဆိုသော ဖူးလေး အကြောင်းရေးဖွဲ့ထားသည့် “ငါးကြိုက်ခင်”မျက်နှာဖုံးကာတွန်း၊ ထူးဆန်းသော ငါးမျိုး စိတ်အချို့အကြောင်းကို တင်ဆက်ထားသည့် “ထူးဆန်းထွေလာ ငါးကမ္ဘာ” သုတဆောင်းပါး ကဏ္ဍ ၊ ကာတွန်း ဝင်းထွဋ်ဦး၏ မျက်နှာဝက် ဟာသကာတွန်း၊ မစူးစမ်းမဆင်ခြင်ဘဲ သူတစ်ပါးအကျိုးကို ဆောင်ရွက်ခြင်းကြောင့် မိမိကိုယ်တိုင်ပါ ဒုက္ခရောက်ရပုံအကြောင်း ရေးဖွဲ့ထားသည့် “တုံတုံနှင့် လေးချမ်း” နှစ်မျက်နှာကာတွန်း၊ ဆရာဝန်ဆိုသည်မှာ လူနာများ၏ ဖြစ်သမျှရောဂါများနှင့် သနား စိတ်၊ ကြင်နာစိတ်နှင့် ဝေဒနာများ သက်သာ ပျောက်ကင်းစေရန် ကုသပေးသော အားကိုး စရာ၊ လေးစားစရာ၊ ကျေးဇူးရှင်ဖြစ်ကြောင်း တင်ဆက်ထားသည့် “ကြင်နာတတ်ပါသည်” ဝတ္ထုကဏ္ဍ၊ သူငယ်ချင်းကို ပိုက်ဆံချေးရန် သဘောတူတိုက်တွန်းပုံအကြောင်း ဟာသဖြစ် ဖွယ် ရေးဖွဲ့ထားသည့် “ဖိုးတစ်တို”တစ်မျက်နှာ ကာတွန်း၊ ကလေးတို့အနေဖြင့် မိမိ၏ ဆောင်ရွက်ချက်များ၊ အတွေးများ၊ ပေါင်းသင်း ဆက်ဆံရေး စသည်တို့သည် အမှန်တကယ် ကောင်းမွန်မှန်ကန်သည့် အစစ်အမှန်များ ဖြစ်ရန် မိမိ၏နှလုံးသားနှင့် ဦးနှောက်ကို အမြဲဖွင့်ထားရန်လိုအပ်ကြောင်း ရေးဖွဲ့ထား သည့် “အစစ်နဲ့အတု” ပုံပြင်ကဏ္ဍ အပါအဝင် ဉာဏ်စမ်းကဏ္ဍ ၊ အင်္ဂလိပ်စကားဝိုင်းကဏ္ဍ နှင့် ကဗျာကဏ္ဍစုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင် ကြောင်း သိရသည်။
သတင်းစဉ်