
နေပြည်တော် ဧပြီ ၇
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန် ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက် ရှိသည်။
၉-၄-၂၀၂၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၁၅) ၌ သင်္ကြန်ကာလတွင် ကိုရင်ဝတ်ရမည်ကို အပေါင်း အဖော်များနှင့်ဝတ်လိုသော မောင်လူအေး၏ ဉာဏ်များပုံကို ရေးဖွဲ့ထား သည့် “မောင်လူအေးနှင့် သင်္ကြန်” မျက်နှာဖုံးဇာတ်လမ်း၊ သင်္ကြန်ပွဲတော် ဖြစ်ပေါ်လာပုံအကြောင်းနှင့် ဆင်နွှဲပုံအကြောင်းကို ဗဟုသုတရဖွယ် ရေးဖွဲ့ထားသည့် “မြန်မာ့ရိုးရာ သင်္ကြန်ရေသဘင်ပွဲတော်” သုတဆောင်းပါး၊ ကလေးများအနေဖြင့် အရက်သေစာသောက်စားပါက ပျက်စီးတတ်ကြောင်း နှင့် အကြွားသန်သော ဖြိုးရဲ အကြောင်းကို သရုပ်ဖော်တင်ဆက်ထားသည့် “ဖြိုးရဲ-ကြွားတာမဟုတ်ပါ” နှစ်မျက်နှာကာတွန်း၊ တိရစ္ဆာန်များကို မွေးမြူ ရာ၌ ကိုယ်ချင်းစာတရားထားကာ ပြုစုစောင့်ရှောက်သင့်ပုံကို ရေးဖွဲ့ထား သည့် “အကြင်နာတရား” ဝတ္ထု၊ မူးယစ်ဆေးဝါးသုံးစွဲပါက ကြုံတွေ့ရလာနိုင် သည့် ဆိုးကျိုးများကို တင်ဆက်ထားသည့် “ရှောင်လေဝေးဝေး မူးယစ်ဆေး” တစ်မျက်နှာကာတွန်း၊ မိမိရောက်ရှိရာ နေရာဒေသကိုလိုက်၍ နေထိုင် စားသောက်တတ်စေရန် ပညာပေးတင်ဆက်ထားသည့် “ချိုမြိန်တဲ့သစ်သီး” ပုံပြင်၊ ဖမ်းမိထားသော ရေဘဲကို ညီတူမျှတူခွဲဝေမယူဘဲ ငြင်းခုံနေ၍ ရရှိလာသည့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးသွားရသော ဝဏ္ဏတို့ သူငယ်ချင်းနှစ်ယောက်အကြောင်းကို သရုပ်ဖော်ရေးဖွဲ့ထားသည့် “ငြင်းခုံ ခြင်းရဲ့အဖြေ” နှစ်မျက်နှာကာတွန်း၊ အလုပ်မလုပ်ပါက အစားလည်း စားရမည်မဟုတ်ကြောင်းကို ဟာသနှော၍ရေးဖွဲ့ထားသည့် “နိုးတူး” နှစ်မျက်နှာကာတွန်း၊ ကြိယာဝိသေသနအကြောင်းကို ဥပမာဝါကျများဖြင့် တင်ဆက်ထားသည့် “ရွှေသွေး အင်္ဂလိပ်သဒ္ဒါ” အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာကဏ္ဍတို့အပါအဝင် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်