
နေပြည်တော် မတ် ၂၅
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၂၆ - ၃ - ၂၀၂၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄) ၊ အမှတ် (၁၃) ၌ ခေါင်းဆောင်ပီသစွာနေထိုင် ပြုမူတတ်သော ပေစိနှင့် သူငယ်ချင်းအပေါ် အထင်လွဲမှားနေသော ပုပုတို့အကြောင်းကို ရေးဖွဲ့ထားသည့် “ပုပုပါဝင်သည့် စေတနာ” မျက်နှာဖုံးဇာတ်လမ်း၊ အတတ်ပညာနှင့် အရာဝတ္ထုများကို သူ့နေရာနှင့်သူ လိုက်ဖက် ညီစွာ ဆောင်ရွက်သင့်ပုံအကြောင်းကို ဗဟုသုတရဖွယ် ရေးဖွဲ့ထားသည့် “စူးနေရာစူး ဆောက်နေရာဆောက်” သုတဆောင်းပါး၊ ကလေးများကို သင်ကြားပြသရာ၌ နည်းလမ်း မှန်မှန်ဖြင့် ပြောဆိုဆုံးမသင့်ကြောင်းကို “အမွှေလေး ရဲရင့်ဖြိုး” နှစ်မျက်နှာကာတွန်း၊ အကျင့်စရိုက် မကောင်းမွန်ပါက မိတ်ဆွေ ကောင်းများ ဆုံးရှုံးရပုံကို ပညာပေးတင်ဆက် ထားသည့် “အကျင့်စရိုက်” ပုံပြင်၊ ဖြတ်ထိုး ဉာဏ်ကောင်း၍ သူတစ်ပါးအပေါ် အနိုင်ယူ တတ်သော ဖောင်းဖောင်းအကြောင်းကို သရုပ်ဖော်ရေးဖွဲ့ ထားသည့် “ဖောင်းဖောင်းရဲ့ နှစ်ရွက်ပေါင်း” တစ်မျက်နှာကာတွန်း၊ ကလေးများအနေဖြင့် သူငယ်ချင်းများကို ပေါင်းသင်းရာ ၌ ကောင်းမွန်သည့်သူများကိုသာ ပေါင်းသင်းရန်နှင့် လမ်းမှားသို့ ရောက်နေသော သူငယ်ချင်းတို့ကိုလည်း လမ်းမှန်သို့ရောက် အောင် ပြုပြင်ပေးသင့်ကြောင်း တင်ဆက် ထားသည့် “ရှောင်ရှားမူးယစ် ဘေးကျိုးဖြစ်” ဝတ္ထု၊ သူတစ်ပါးကို မကောင်းကြံပါက မိမိတွင် လည်း ဒုက္ခရောက်နိုင်ပုံကို အတုယူဖွယ် ပညာပေး တင်ဆက်ထားသည့် “ဖိုးပုနဲ့ ဖိုးစိန်” နှစ်မျက်နှာကာတွန်း၊ မိမိဒုက္ခရောက် မည့် အရေးကို ကြိုတင်မမြင်ဘဲ အစားအစာ ကိုသာ မက်မောမိ၍ ဒုက္ခရောက်ရသော ကျီးအကြောင်းကို တင်ဆက်ထားသည့် “လောဘ၏သားကောင်” နှစ်မျက်နှာကာတွန်း၊ ကြိယာဝိသေသနအကြောင်းကို ဥပမာဝါကျ များဖြင့် တင်ဆက်ထားသည့် ဆရာ KML ၏ “ရွှေသွေး အင်္ဂလိပ်သဒ္ဒါ” အင်္ဂလိပ်စာ သင်ခန်းစာကဏ္ဍ၊ ရွှေသွေးတို့လက်ရာ ကဏ္ဍ နှင့် ကဗျာကဏ္ဍတို့ အပါအဝင် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
ဇော်ဝင်းထွန်း