
နေပြည်တော် ဖေဖော်ဝါရီ ၂၄
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေ ဖြန့်ချိလျက်ရှိသည်။
၂၆-၂-၂၀၂၂ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၉) ၌ သူငယ်ချင်းကောင်းပီသသော ကိုအေးနှင့် ညိုလေးတို့အကြောင်းကို ရေးဖွဲ့ထားသည့် “အမေ့ကိုပေးလိုက်ပါ” မျက်နှာဖုံးကာတွန်း၊ ကလေးတို့အနေဖြင့် မြန်မာ့ရိုးရာလက်မှု လုပ်ငန်း တစ်ခုဖြစ်သည့် ပုသိမ်ထီးလုပ်ငန်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် “အမြတ်တနိုးတန်ဖိုးထား ထိန်းသိမ်းသွားရမည့် မြန်မာ့ရိုးရာပုသိမ်ထီးလုပ်ငန်း” သုတ ဆောင်းပါး၊ လူကြီးသူမများ၏ ဆုံးမစကားကို နာခံကာ မိမိနှင့်သင့်လျော်သောနေရာတွင် နေထိုင် သင့်ကြောင်း တင်ဆက်ထားသည့် “ပါစီလေး၏နေရာ” နှစ်မျက်နှာ ကာတွန်း၊ တိရစ္ဆာန်လေးများပင်ဖြစ်သော်လည်း ကျေးဇူးရှင်အပေါ်တွင် ကျေးဇူးသိတတ်ပုံကို ရေးဖွဲ့ထားသည့် “သစ္စာရှိသော ငှက်ကလေး တွေ” ပုံပြင်၊ မိခင်၏စကားကို နားမထောင်ဘဲ ကလေးအတွေးဖြင့် မိမိထင်မြင်မိရာကိုလုပ်မိ၍ အမှားနှင့် ကြုံတွေ့ခဲ့ရသော ရွှေဖဲ အကြောင်းကို တင်ဆက်ထားသည့် “ရွှေဖဲနှင့် ဖိနပ်တစ်ရံ” တစ်မျက်နှာ ကာတွန်း၊ ကလေးတို့အနေဖြင့် မိမိတို့ပြုလုပ်နေသော အမှားကို အချိန်မီပြင်ဆင်နိုင်ပါက ကောင်းကျိုးချမ်းသာရနိုင်ပုံကို အတုယူဖွယ် တင်ဆက်ထားသည့် “အခက်ဆုံးအလုပ် အလွယ်ဆုံးဖြစ်စေမည်” ဝတ္ထု၊ မြန်မာ့ရိုးရာ စွန်လွှတ်တမ်းကစားခြင်းသည် အကုန်အကျ သက်သာကာ အချိန်မရွေးကစားနိုင်သော ကစားနည်းဖြစ်ကြောင်းကို တင်ဆက်ထားသည့် “ဘေဘီဗွတ်ကလုံ” နှစ်မျက်နှာကာတွန်း၊ ပန်းဆယ်မျိုးအကြောင်းကို ဆွေးနွေးနေကြသော သူငယ်ချင်း နှစ်ယောက် အကြောင်းကို တင်ဆက်ထားသည့် “ရိုးရာပန်းဆယ်မျိုး” နှစ်မျက်နှာကာတွန်း၊ Adjective နှင့် Adverb များအကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ တင်ဆက်ထားသည့် “ရွှေသွေးအင်္ဂလိပ် သဒ္ဒါ” အင်္ဂလိပ်စာ သင်ခန်းစာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာကဏ္ဍ တို့အပါအဝင် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၃၀၀ ဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူ နိုင်ကြောင်း သိရသည်။ `
ဇော်ဝင်းထွန်း