ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော် ဇန်နဝါရီ ၂၇


ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်‌ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

 


၂၉-၁-၂၀၂၂ ရက်(စနေနေ့) တွင်ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၅) ၌ သူ တစ်ပါးကို စေတနာကောင်းဖြင့် ကူညီဆောင်ရွက်ပေးပါက မိမိ တွင်လည်း   ကောင်းကျိုးများ  ပြန်လည်ရရှိနိုင်ပုံကို ရေးဖွဲ့ထား သည့် "ပုပုပါဝင်သည့်မျက်ရည် ဖြင့် ဆေးကြောခြင်း" မျက်နှာ ဖုံးဇာတ်လမ်း၊ ကလေးတို့အနေ ဖြင့် နနွင်းမှုန့်၏ ဆေးဖက်ဝင်ပုံ နှင့်   အသုံးပြုပုံအကြောင်းကို သိရှိနိုင်စေရန် ဗဟုသုတရဖွယ် ရေးဖွဲ့ထားသည့် “ဆေးဖက်ဝင် နနွင်းမှုန့်၏ အာနိသင်များ"သုတ ဆောင်းပါး၊ ကလေးတို့အနေဖြင့်    မိဘများ၏ မေတ္တာစေတနာကို    နားလည်စေရန်     အကောင် မပေါက်သေးဘဲ ငှက်ဥလေးဘဝ ၌ပင် ပျော်မြူးနေသော မိခင်လောင်း  ငှက်မလေးအကြောင်းကို တင်ဆက်ထားသည့်  "အိုမိ ခင်"  နှစ်မျက်နှာ ကာတွန်း၊ မိမိ၏ စားသောက်နေရေးအတွက် မိမိဘာသာကြိုးစားလုပ်ကိုင် စားသောက်သင့်ကြောင်းကို ရေးဖွဲ့ထားသည့်"အမြင်မှန်ရသွားတဲ့ ယုန်လေးဖိုးနီ" ပုံပြင်၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာများကို လေ့လာရာ၌ ဘာသာရပ် တိုင်းကိုအလေးထား လေ့လာသင်ယူကျက်မှတ်သင့်ကြောင်းကို တင်ဆက်ထားသည့်"အားလုံး အ‌ရေးကြီးပါသည်" ဝတ္ထု၊ မိဘနှင့်  အသက်ကြီးသူများ၏  ဆိုဆုံးမမှုကို နားမထောင်၍ ဒုက္ခရောက်ရသော ငါးကလေး၏အဖြစ်ကို ဂရုပြုလိုက်နာဖွယ် တင်ဆက်ထားသည့် "အစား မက်တဲ့ငါး"နှစ်မျက်နှာကာတွန်း၊ စာဖတ်ရာ၌ သတ်ပုံမှန်ကန်စွာဖတ်မှသာ ဆိုလိုရင်း အဓိပ္ပာယ် ကို မှန်ကန်စွာသိမြင်မည်ဖြစ်ကြောင်းကို တင်ဆက်ထားသည့် "ကီးကီးနှင့် ဦးပြောင်" နှစ်မျက်နှာကာတွန်း၊ Noun များအကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ  တင်ဆက်ထား သည့် "ရွှေသွေးအင်္ဂလိပ်သဒ္ဒါ"  အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍ၊ ကလေးလက်ရာကဏ္ဍနှင့် ကဗျာကဏ္ဍတို့အပါအဝင် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၃၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

 

ဇော်ဝင်းထွန်း