ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော်   ဇူလိုင်   ၈
ပြန်ကြားရေးဝန်ကြီးဌာန    ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန   စာပေဗိမာန်ရုံးက အပတ်စဉ်  စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။ 
ဇူလိုင်  ၁၀  ရက် (စနေနေ့)တွင် ထုတ်ဝေ မည့်    ရွှေသွေးဂျာနယ်၌   အောင်ဘုသည် မိသားစုအတွက် ထာဝရမိတ်ဆွေနှင့် အဖော် မွန်ကို ရွေးချယ်ပေးနိုင်ပုံအကြောင်း ရေးဖွဲ့ထား သည့် “ထာဝရအဖော်”မျက်နှာဖုံးကာတွန်း၊ အစားအသောက်များထဲတွင်   အချိုမှုန့်ကို ပါဝင်ထည့်သုံးခြင်းကြောင့် ရရှိခံစားရနိုင်သော ကျန်းမာရေး      ဆိုးကျိုးများအကြောင်းကို တင်ဆက်ထားသည့်   “အချို့မှုန့်အန္တရာယ် ရှောင်ကြမယ်” သုတဆောင်းပါး၊ ကလေးတို့ ကိုယ်တိုင်ရေးဆွဲထားသည့် ကာတွန်းလက်ရာ များကို   တင်ဆက်ထားသည့်   “ရွှေသွေးတို့ လက်ရာ”ကဏ္ဍ၊ ဖိုးသန့်လေးသည် သူ၏ မိခင် ကို ပိုက်ဆံအိတ်များများဝယ်ရန် အကြံပေးပုံ အကြောင်း ရေးဖွဲ့ထားသည့်  “ဖိုးသန့်လေး” နှစ်မျက်နှာကာတွန်း၊  စိတ်ကောင်းထားကာ လုပ်ဆောင်သောအရာတိုင်းသည်   မြင့်မြတ် သော   ဆောင်ရွက်ချက်များပင်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “စိတ်ကောင်းထားက မြတ်လှ သည်” ဝတ္ထုကဏ္ဍ၊ မြင်းလေး “ယူနီကွန်း”ကို မြေပြင်က တစ်ဖဝါးမှ မခွာစေရန် ထိန်းသိမ်း ကြတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်သော နတ်သမီးငယ်လေး နှစ်ဦးအကြောင်းကို ရေးဖွဲ့ ထားသည့် “မြင်းဆိုးလေး ယူနီကွန်း” ပုံပြင် ကဏ္ဍ အပါအဝင် ဉာဏ်စမ်းကဏ္ဍ၊ အင်္ဂလိပ်စာ စကားဝိုင်းကဏ္ဍနှင့် ကဗျာကဏ္ဍစုံလင်စွာဖြင့် ဖတ်စရာ  မှတ်စရာများပါရှိကြောင်း  သိရှိရ သည်။                           

 

 သတင်းစဉ်