ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက် မျက်နှာကြက်တပ်ဆင်

 

ပဲခူး   ဇွန်   ၂၆


ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ မဇင်း ရပ်ကွက်တွင် တည်ထားကိုးကွယ် လျက်ရှိသည့်        ပဲခူးမြို့၏ ကျက်သရေဆောင်   ရှင်ပင်သာ လျောင်းခေါ်    ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အမိုး တော် ဂန္ဓကုဋိတိုက်အား ခေတ်မီ အဆင့်မြင့်မျက်နှာကြက်တပ်ဆင် ခြင်းလုပ်ငန်းများ   ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 


ရွှေသာလျောင်း  ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက် အား  ခေတ်မီအဆင့်မြင့် မျက်နှာ ကြက် တပ်ဆင်ခြင်း၊    ဆက်စပ် လုပ်ငန်းများနှင့်    လျှပ်စစ်မီး တပ်ဆင်ခြင်းလုပ်ငန်းများကို ယခု နှစ် မေ ၅ ရက်က  စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး  စက်တင်ဘာ ၃၀ ရက်တွင်      လုပ်ငန်းများပြီးစီးမည် ဖြစ်ကာ  ငွေကျပ်    ၃၃၃ သန်း ကုန်ကျမည်ဖြစ်ကြောင်း   သိရ သည်။

 


ဂန္ဓကုဋိတိုက် မျက်နှာကြက် တော်  တပ်ဆင်ခြင်း၊    ဆက်စပ် လုပ်ငန်းများနှင့်     လျှပ်စစ်မီး တပ်ဆင်ခြင်း   လုပ်ငန်းများကို ရွှေသာလျောင်းဘုရားသို့  လာ ရောက်ဖူးမြော်ကြသူ     ရပ်နီး ရပ်ဝေးမှ  စေတနာရှင်အလှူရှင် များ၏ လှူဒါန်းထည့်ဝင်‌ငွေများ ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လာရောက်ဖူးမြော် ကြည်ညိုကြ သူများ     စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို တရားဘာဝနာ ပွားများနိုင်စေရန်   ရည်ရွယ်၍ ယခုကဲ့သို့  ဆောင်ရွက်ခြင်းဖြစ် ကြောင်း  ဂေါပကအဖွဲ့မှ    သိရ သည်။

 


ရွှေသာလျောင်း   ဘုရားကြီး သည် ဆင်းတုတော်အလျား ပေ ၁၈၀၊ ဉာဏ်တော် ၅၂ ပေရှိကာ ပဲခူး မြို့၏  သမိုင်းဝင်ရွှေမော်ဓောစေတီ တော်ကြီး ဘုရားပွဲပြီးလျှင် ဒုတိယ မြောက် ရက်အရှည်ဆုံး ဗုဒ္ဓပူဇနိယ ပွဲတော်အဖြစ်       စည်ကားစွာ ကျင်းပသည့်      ဘုရားကြီးလည်း ဖြစ်သည်။

 


ပထမ     ဟံသာဝတီခေတ် သက္ကရာဇ် ၃၅၆ ခုနှစ်တွင်   နန်း တက်သည့် (၁၃) ဆက်မြောက်မင်း ဖြစ်သည့်   မိဂါဒိဗ္ဗ(မင်းငယ်)က ရှင်ပင်သာလျောင်းခေါ်   ရွှေသာ လျောင်းဘုရားကြီးအား တည်ထား ခဲ့ခြင်းဖြစ်သည်။  ‘‘ဘုရားကြီးက ရှေးဘုရင်တစ်ပါး       တည်ထားခဲ့ တာဖြစ်သလို ဘုရားကြီးမှာ  အနု စိတ်ပြီး လက်ရာမြောက်တဲ့ မြန်မာ မှု     လက်ရာတွေလည်းရှိတော့ နိုင်ငံခြားသားတွေ    အပါအဝင် အနယ်နယ်က လာရောက်ဖူးမြော် သူတွေများတယ်။ သက်တမ်းအား ဖြင့်တော့ နှစ်ထောင်ချီရှိနေပါပြီ’’ ဟု ရုံးအဖွဲ့မှူးဖြစ်သူ ဦးရွှေခိုင်က ပြောသည်။ ရွှေသာလျောင်းဘုရား ကြီး၏       ဂန္ဓကုဋိတိုက်မျက်နှာ ကြက်တော်တပ်ဆင်ခြင်းလုပ်ငန်း များတွင် ပါဝင်ကုသိုလ်ယူ လှူဒါန်း လိုသူများအနေဖြင့်      ရွှေသာ လျောင်းဘုရားကြီး၏ ဂေါပကရုံး ရုံးအဖွဲ့မှူး    ဦးရွှေခိုင် ဖုန်း ၀၉- ၂၅၄၅၇၇၄၂၇ သို့   ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။


မောင်ယဉ်ဦး