
နေပြည်တော် အောက်တိုဘာ ၂၄
တရားမဝင်ကုန်စည်များ၊ တားဆီးထိန်းချုပ် ရေးအတွက် ရေပူနှင့်မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်းတို့အား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၂၃၈ စီး၊ သွင်းကုန် ၁၆၈ စီး၊ ရန်ကုန်-မြဝတီ လမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ်သွင်းကုန် ၂၄၅ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက် ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများအား စစ်ဆေးမှု ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းမှ တားဆီးမှုတစ်မှု၊ ခန့်မှန်း တန်ဖိုးငွေကျပ် ၀ ဒသမ ၇၅၀ သန်း တန်ဖိုးရှိသော ခရီးသည် ဝန်စည်များနှင့် ရောနှောတင်ဆောင်လာ သော တရားဝင်စာရွက်စာတမ်း တစ်စုံ တစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Lipo-vitan-D (100mlx50) (50 Pkgs) ကို ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်