ရေပူနှင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းများတွင်  တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးဆောင်ရွက်လျက်ရှိ

 

 

နေပြည်တော်   စက်တင်ဘာ  ၂၀


တရားမဝင်ကုန်စည်များ  တားဆီးထိန်းချုပ်ရေးအတွက်  ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်း အဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ်ဆောင်ရွက် ခဲ့ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် မန္တလေး-မူဆယ်   ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၁၇၃ စီး၊ သွင်းကုန်  ၁၅၅ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီးတစ်လျှောက်  ကုန်သွယ်မှုယာဉ် သွင်းကုန် ၂၄၄ စီး ကုန်စည်များသယ်ယူပို့ဆောင်လျက်ရှိသည်။
အဆိုပါစစ်ဆေးရေးစခန်းများက တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်း များကို   စစ်ဆေးမှုများပြုလုပ်ဆောင်ရွက်လျက်ရှိရာ  စက်တင်ဘာ  ၁၉ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းမှ တားဆီးမှု နှစ်မှု၊ ခန့်မှန်းတန်ဖိုးကျပ် သန်း  ၂ ဒသမ ၈၇၀ တန်ဖိုးရှိ တရားဝင် စာရွက်စာတမ်းတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Lactasoy Milk (125 mlx60) (50 Pkgs), Lipovitan-D (100 mlx50) (40 Pkgs) နှင့် Child One Set  (1x 500 U)  (2 Pkgs) ကို  ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်