
နေပြည်တော် ဩဂုတ် ၂၈
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့အား ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဩဂုတ် ၂၇ ရက်တွင် မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၁၄၅ စီး၊ သွင်းကုန် ၁၁ စီး၊ ရန်ကုန်-မြဝတီ လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် သွင်းကုန် ၂၄၁ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများအား စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၇ ရက်တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ တားဆီးမှု တစ်မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၀ ဒသမ ၄၅၅ သန်း တန်ဖိုးရှိ တရားဝင် စာရွက် စာတမ်း တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသော Lipo (35 PKgs) ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်