Republic of the Tatarstan သမ္မတ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုအား ကြည့်ရှုလေ့လာ

 

နေပြည်တော်    ဧပြီ   ၂၈


မြန်မာနိုင်ငံ၌   အလုပ်သဘောခရီးစဉ်   ရောက်ရှိနေ သည့်    Republic   of   the   Tatarstan    သမ္မတ Mr.  Rustam   Nurgaliyevich    Minnikhanov ဦးဆောင်သော   ကိုယ်စားလှယ်အဖွဲ့သည်   ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုကြသည်။

 


ဦးစွာ   Republic of the Tatarstan   သမ္မတ ဦးဆောင်သည့်အဖွဲ့အား      ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ဝင် ဦးကြည်ဝင်းက       စေတီတော်၏ သမိုင်းကြောင်းကို ရှင်းလင်းပြောကြားသည်။

 


ထို့နောက်  Republic of the Tatarstan သမ္မတ နှင့်အဖွဲ့သည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး  လိုဏ် တော်အတွင်းရှိ   ကျောက်စိမ်းရုပ်ပွားတော်များအား ဖူးမြော်ကြည်ညိုပြီး   သစ်သီး၊    ပန်း၊    ရေချမ်းတို့ ဆက်ကပ်လှူဒါန်းကြသည်။

 


ယင်းနောက်    Republic  of  the  Tatarstan သမ္မတသည်    ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ဧည့်သည်တော်မှတ်တမ်း၌   လက်မှတ်ရေးထိုးပြီး အလှူငွေများပေးအပ်လှူဒါန်းရာ      ဂေါပကအဖွဲ့က လက်ခံရယူပြီး    ဂုဏ်ပြုမှတ်တမ်းလွှာ   ပြန်လည် ပေးအပ်သည်။

 


ဆက်လက်၍    Republic  of  the  Tatarstan သမ္မတနှင့်အဖွဲ့သည်    ဥပ္ပါတသန္တိစေတီတော်မြတ် ကြီး၏  ရင်ပြင်ပေါ်တွင်  မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး စေတီတော်အရှေ့ဘက်မုခ်ရှိ    ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်သို့   သွားရောက် ကာ ဆင်ဖြူတော်များကို  အစားအစာများ  ကျွေးမွေး ကြသည်။

 


ထို့နောက် Republic of the Tatarstan သမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ   ဗုဒ္ဓဥယျာဉ် တော်အတွင်း  တည်ထားကိုးကွယ်မည့်  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  ရှင်းလင်းဆောင်သို့ ရောက် ရှိကြရာ  ဗိုလ်ချုပ်ကိုကိုလွင်၊   ဗိုလ်မှူးချုပ် ဇော်နိုင်ဦး နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

 


ယင်းနောက် ဗိုလ်ချုပ်ကိုကိုလွင်က      မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး     တည်ထားကိုးကွယ်ရ ခြင်း၏  ရည်ရွယ်ချက်၊  စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့်တူးဖော်ခြင်းနှင့်  အပိုင်းလိုက်သယ်ယူနိုင် ရေးဆောင်ရွက်ခဲ့မှု၊     ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ခေတ်မီ CNC စက်ကြီးများဖြင့် အပိုင်းများခွဲ၍ ထုဆစ် နေမှု၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  တည်ထားကိုးကွယ် ရန်အတွက်      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က        နိုင်ငံတော်   ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ  ဩဝါဒခံယူ၍  တည်ဆောက် ရေးလုပ်ငန်းများ  ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 


ဆက်လက်၍       ဗိုလ်မှူးချုပ်ဇော်နိုင်ဦးက မာရဝိဇယရုပ်ပွားတော်မြတ်ကြီး  တည်ထားကိုးကွယ် မည့်      ဗုဒ္ဓဥယျာဉ်တော်အတွင်း     ပိဋကတ်သုံးပုံ  ပါဠိတော်  အဋ္ဌကထာဋီကာကျမ်းစာများကို  စကျင် ကျောက်တော်များ၌        ခေတ်မီစက်ကိရိယာများ အသုံးပြု၍   ပါဠိအက္ခရာ၊    Romanize Language တို့ဖြင့် ရေးထိုးပူဇော်မည့်အခြေအနေများနှင့် ဂန္ဓကုဋိ တိုက်များ၊    သာသနာ့ဗိမာန်အဂ္ဂါဓိပတိဝိသုံဂါမ သိမ်တော်၊     မော်ကွန်းတိုက်များ၊   သုဓမ္မာဇရပ်၊  ပိဋကတ်သုံးပုံကျောက်စာရုံများ၊           ဂေါပကရုံး၊   မုစလိန္ဒအိုင်၊    မင်္ဂလာတံတားနှင့်   ရေပန်းများကို   ရတနာပုံခေတ်    လက်ရာများအတိုင်း         ထည့်သွင်း တည်ဆောက်၍ မြန်မာ့အနုပညာလက်ရာ    စုံလင် စွာဖြင့်   ဗိသုကာလက်ရာမြောက်အောင်      ထည့်သွင်း တည်ဆောက်သွားမည့်အခြေအနေများကို   ရှင်းလင်း တင်ပြသည်။

 


ထို့နောက်  ဗိုလ်ချုပ်ကိုကိုလွင်နှင့်  Republic of the Tatarstan     သမ္မတတို့သည်   အမှတ်တရ လက်ဆောင်ပစ္စည်များ   အပြန်အလှန်  ပေးအပ်ကြ သည်။

 


ယင်းနောက်       Republic of the Tatarstan သမ္မတ ဦးဆောင်သည့်  ကိုယ်စားလှယ်အဖွဲ့သည် မာရဝိဇယကျောက်ဆစ်  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော်  ထုဆစ်နေမှု၊   မာရဝိဇယကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏   အပိုင်းများအား   CNC Machine   များဖြင့်    ထုဆစ်နေမှုနှင့်   ထုဆစ်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုကြသည်။ 

 


မွန်းလွဲပိုင်းတွင်  ဧည့်သည်တော် Republic of the Tatarstan သမ္မတနှင့်   ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့ကျောက်မျက်ရတနာပြတိုက်  (နေပြည်တော်) သို့ရောက်ရှိကြပြီး ပြခန်းမဆောင်အတွင်း ကျောက် စိမ်း၊  ကျောက်မျက်၊  ပုလဲ၊  ရွှေထည်၊  ငွေထည်နှင့် သယံဇာတပစ္စည်းများကို   ပြကွက်အလိုက် ခင်းကျင်း ပြသထားမှုကို        လှည့်လည်ကြည့်ရှုလေ့လာကြ ရာ    တာဝန်ရှိသူများက    လိုက်လံရှင်းလင်းပြသ ကြသည်။ 


သတင်းစဉ်