
နေပြည်တော် ဇန်နဝါရီ ၂၁
ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၁/၂၀၂၂ ကို ယနေ့ နံနက် ၁၀ နာရီတွင် အလုပ်သမားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာနနှင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တို့မှ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးတာဝန်ခံ၊ အလုပ်သမားသံအရာရှိ (ဘန်ကောက်မြို့) အထူးဖိတ်ကြားထားသူများနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကော်မတီအစည်းအဝေးကို ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါကြောင့် ပုံမှန်ကျင်းပနိုင်ခြင်း မရှိသော် လည်း ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေး ကော်မတီ၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကော်မတီဝင်များသို့ သဘောထား မှတ်ချက်များ တောင်းခံ၍ ဆောင်ရွက်လျက်ရှိပြီး လစဉ်လုပ်ငန်းဆောင်ရွက်ချက်များကို ကော်မတီဝင် များထံ ပုံမှန်ဖြန့်ဝေပေးပို့လျက်ရှိကြောင်း။
လိုင်စင်ထုတ်ပေးလျက်ရှိ
ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင် အသစ် လျှောက်ထားမှုတွင် ဝန်ကြီးဌာနမှ သတ်မှတ် ထားသည့် အချက် ၇ ချက်နှင့်ပြည့်စုံမှုရှိပြီး နိုင်ငံတော် အပေါ် သစ္စာစောင့်သိမှုရှိခြင်း၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်အား ဖောက်ဖျက်ကျူးလွန်မှုမရှိခြင်း၊ ကော်မတီ၏ လုပ်ငန်းလမ်းညွှန်ချက်များကို တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လျှောက် ထားသူများကို ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ထုတ်ပေးလျက်ရှိရာ ထိုသို့ခွင့်ပြုထုတ်ပေး နိုင်ရေးအတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင် စိစစ်ထုတ်ပေးရေးအဖွဲ့ကို ၂၀၂၁ ခုနှစ် မေ၂၀ ရက်တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း။
ဝန်ကြီးဌာနအနေဖြင့် (Passport for Job- PJ) ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားများ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ရာတွင် ဥပဒေနှင့်အညီ ဝန်ကြီးဌာနမှ ထုတ်ပေးထားသော ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Employment Identification Card – OWIC) ပါရှိမှသာ ထွက်ခွာခွင့်ပြုလျက်ရှိရာ ပြည်ပ နိုင်ငံများသို့ ထွက်ခွာနိုင်ရေး ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (OWIC) ပြုလုပ် ခွင့် တင်ပြလာပါက ဝန်ကြီးဌာန၏ ခွင့်ပြုမိန့်ဖြင့် ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ် ရေးကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ် ရေးကော်မတီ၏ အကောင်အထည်ဖော် ဆောင်ရွက် ခဲ့မှုများကို အသေးစိတ် ဆွေးနွေးပြောကြားသည်။
ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး
ဆက်လက်၍ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ထိုင်းနိုင်ငံရှိ စမုစခွန်ခရိုင်၊ စမုပရာကန်ခရိုင်၊ ချင်းမိုင် ခရိုင်၊ ချွန်ဘူရီခရိုင်နှင့် ရနောင်းခရိုင်တို့တွင် မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certifi-cate of Identity- CI) သက်တမ်းတိုးစခန်းများကို ဇန်နဝါရီ ၁၀ ရက်တွင် စတင်ဖွင့်လှစ်ခဲ့မှု၊ ထိုင်းနိုင်ငံ သို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်ဆိုင်ရာအခြေအနေ၊ ပြည်ပသို့ အလုပ် သမားစေလွှတ်ရေးလုပ်ငန်းစဉ်နှင့် ပြည်ပအလုပ် အကိုင် အလုပ်သမားသက်သေခံကတ်ပြား (OWIC)ကိစ္စ၊ CI သက်တမ်းတိုးစခန်း ငါးခုနှင့် အရန်စခန်း တစ်ခုတွင် အသုံးပြုမည့် စက်ပစ္စည်းများနှင့် Con-sumable များနှင့်ပတ်သက်၍ ဆောင်ရွက်ခဲ့မှု၊ TDCC တွင် Passport သုံးစွဲ၊ လက်ကျန်အခြေအနေနှင့် OWIC လုပ်ငန်းစဉ်အတွက် PVC သုံးစွဲလက်ကျန် အခြေအနေများကို ရှင်းလင်းတင်ပြပြီး အစည်းအဝေး သို့ တက်ရောက်လာသည့် ကော်မတီဝင်များ၊ အထူး ဖိတ်ကြားထားသည့် Online မှ တက်ရောက်သူ များ၊ သံအရာရှိများက ရှင်းလင်းဆွေးနွေးမှုများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်