ရေပျော်ငှက်နှင့် ဆောင်းခိုငှက်များ ပျော်စံရာ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော

 

ဤကဲ့သို့သော       ဝိသေသများဖြင့်    တန်ဆာဆင်ထားသော       တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောသည်        ပဲခူးတိုင်း ဒေသကြီး   ပဲခူးမြို့နယ်နှင့်  ဝေါမြို့နယ် အတွင်း စုဖွဲ့တည်ရှိသော မိုးယွန်းကြီးအင်း    တောရိုင်းတိရစ္ဆာန်      ဘေးမဲ့တောပင် ဖြစ်သည်။

 


ထိန်းသိမ်းစောင့်ရှောက်


၁၉၈၈ ခုနှစ် ဧပြီ ၂၂ ရက်မှစတင်၍ တိရစ္ဆာန်     ဘေးမဲ့တောရပ်ဝန်းအဖြစ် တည်ရှိခဲ့သော အဆိုပါ  ဘေးမဲ့တောသည် ရေပျော်နှင့် ဆောင်းခိုငှက်တို့ ကျက်စားရာ ဒေသဖြစ်သကဲ့သို့ ရေဝပ်ဒေသဂေဟစနစ် နှင့် ဆက်နွှယ်မှုကို စေ့ငုသုတေသနပြုရာ ဘေးမဲ့တောအဖြစ်  သစ်တောဦးစီးဌာနက စနစ်တကျ   ထိန်းသိမ်းစောင့်ရှောက်လျက် ရှိပေသည်။

 


ငှက်ကောင်ရေ ၁၁၇၁၅ ကောင်ရှိ


ယခုနှစ် အောက်တိုဘာလကုန်အထိ ကောက်ယူရရှိသည့်    စာရင်းများအရ အဆိုပါ    ဘေးမဲ့တော   ရေပြင်တစ်နံ တစ်လျား၌  ဆောင်းခိုငှက်မျိုးစိတ် ၃၂ မျိုး၊ ရေပျော်ငှက် ၂၁ မျိုး၊     ကုန်းငှက် ၄၇ မျိုးတို့      နေထိုင်ကြပြီး      စုစုပေါင်း ငှက်ကောင်ရေပေါင်း   ၁၁၇၁၅   ကောင် ရှိကြောင်း သိမှတ်ရသည်။

 


နောက်ဆုံးမှတ်တမ်းများအရ  ဘေးမဲ့ တောအတွင်း တလိုင်းခေါင်း၊  မြစ်တွေး၊ သောင်တင်းငှက်၊    စစ္စလီ၊     ကရကတ်၊ ငှက်ကြီးဝန်ပို၊ တင်ကျီး၊ ငဟစ်၊ စင်ရော်၊ တောဝမ်းဘဲ၊ စွန်၊ မယ်ညို၊ ဒေါင်းလန်း ခြေထောက်၊ ခရုစုပ်စသည့်   ငှက်မျိုးစိတ် များ နေထိုင်ကျက်စားလျက်ရှိကြသည်။

 


မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရ


အဆိုပါ     ငှက်မျိုးစိတ်များအနက် ကြိုးကြာ၊ ခရုစုပ်ခေါင်းမည်း၊ လင်းယုန်၊ မြစ်တွေး၊ စာဘုန်းကြီး၊     ဂေါ့ဒွစ်၊ ဥပန်း၊ ငှက်ကျား စသည့်ငှက်မျိုးစိတ်များသည် မျိုးသုဉ်းမည့်  အန္တရာယ်နှင့် ရင်ဆိုင်နေရ ကြောင်း သိရသည်။

 


ခရီးသွားဧည့်သည်များအား ဆွဲဆောင်


သဘာဝ      ခရီးသွားလုပ်ငန်းနှင့် ဆက်နွှယ်လျက်ရှိသော   မိုးယွန်းကြီးအင်း ဘေးမဲ့တောတွင်   လှေပေါ်သဏ္ဌာန် ရေပေါ်အိမ် (Boat House)များ၊ အပျော်စီး စက်လှေများ၊     ငှက်ကြည့်မျှော်စင်များ ထားရှိပေရာ   ဆောင်းခိုငှက်နှင့်    ဌာနေ ရေပျော်ငှက်များ      မြူးထူးပျော်စံရာ အင်း၏သဘာဝပသာဒနှင့်    တွဲဖက်ကာ   ခရီးသွားဧည့်သည်များအား ဆွဲဆောင် လျက်ရှိနေပေသည်။

 


ကမ္ဘာ့အရေးကြီး ရေဝပ်ဒေသ


မြန်မာနိုင်ငံသည်   နိုင်ငံတကာရေဝပ် ဒေသထိန်းသိမ်းရေးအဖွဲ့   (Ramsar Convention)၏ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ အဖြစ် ၂၀၀၅ ခုနှစ် မတ်လက   စတင် ရပ်တည်ခဲ့သည့်အလျောက်   မိုးယွန်းကြီး အင်း   ဘေးမဲ့တောသည်   မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘာ့အရေးကြီး ထိန်းသိမ်းရမည့် ရေဝပ်ဒေသအဖြစ် ကနဦး  အသိအမှတ် ပြုခြင်းခံရခြင်းလည်း ဖြစ်သည်။
ပဲခူးမြို့နယ်အတွင်း ၁၃၅၄၂ ဧကနှင့် ဝေါမြို့နယ်အတွင်း ၁၂၀၅၈ ဧက ပါဝင် သော မိုးယွန်းကြီးအင်း ဘေးမဲ့တောသည် မြို့တော်ရန်ကုန်မှ အမြန်လမ်းအတိုင်း မော်တော်ယာဉ်ဖြင့် ခရီး  ၅၈ မိုင်မျှသာ ဝေးကွာပြီး   ရန်ကုန်-  မန္တလေးလမ်း ဟောင်းမှ သွားရောက်မည်ဆိုပါက   မိုင် ၇၀ ခန့်ခရီး ရှိသည်။

 


ယခုအခါ ရမ်ဆာရေဝပ်ဒေသတစ်ခု အဖြစ် အုပ်ချုပ်လုပ်ကိုင်မှု ငါးနှစ်စီမံချက် ၂၀၁၉-၂၀၂၀ ပြည့်နှစ်မှ ၂၀၂၃- ၂၀၂၄ ကို ဆောင်ရွက်လျက်ရှိသည့်အပြင် ၁၀ နှစ် တာ   တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည် တည်ထောင်ခြင်း လုပ်ငန်းစီမံချက် (၂၀၁၉- ၂၀၂၀ မှ ၂၀၂၈-၂၀၂၉)   များကိုလည်း    စနစ်တကျ  အကောင်အထည်ဖော်လျက်     ရှိပေရာ ပြည်သူများ၏   အသိစိတ်ဓာတ်ရှိရှိ ပူးပေါင်းပါဝင်မှုစွမ်းအားဖြင့် ရေပျော်ငှက် နှင့် ဆောင်းခိုငှက်များပျော်စံရာ    ဘူမိ နက်သန်နေရာမှန်    ဒေသတစ်ခုအဖြစ် မိုးယွန်းကြီးအင်း      တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှာ     ရေရှည်တည်တံ့နိုင် မည်ဖြစ်ပါကြောင်း         စေ့ငုဖော်ပြလိုက်ရ ပါသည်။      ။