
တောင်ကြီး ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင်မြို့ လျှပ်စစ်အင်ဂျင်နီယာရုံး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင် နီယာဦးစီးသော ဝန်ထမ်းများသည် မီတာများစစ်ဆေးခြင်း၊ ဓာတ်အားလိုင်းများထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၂၀ ရက်က စတင်ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများအား ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ ဝန်အားပြည့်ဝစွာ အသုံးပြုနိုင်ရေး၊ စဉ်ဆက်မပြတ်ဓာတ်အားရရှိရေးနှင့် တရားမဝင် ဓာတ်အားသုံးစွဲမှု မရှိစေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် လစဉ်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဘီ