“ ရွှေညာသူ ရွှေညာသား” တေးဂီတ ဖျော်ဖြေပွဲ  မြန်မာ့ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်   ဧပြီ    ၂၇


ပြည်သူများ အပန်းပြေစေရန် ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ “ရွှေညာသူ ရွှေညာသာ” တေးဂီတဖျော်ဖြေပွဲကို  ဧပြီ  ၂၉ ရက်  (သောကြာနေ့)  ည ၈ နာရီ သတင်းအပြီးတွင်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ  ထုတ်လွှင့်ပြသမည်ဖြစ်သည်။

 


ယင်းအစီအစဉ်ကို မြန်မာ့အသံ တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့် အတူ တေးသံရှင်များဖြစ်ကြသည့် စိုးအောင်၊ ရဲထိုက်၊ ဇော်ထွေးလတ်၊ ဟိန်းဇော်လင်း၊    မင်းသားလေး၊   ရဲရင့်ဝေလွင်၊   အိအိချွန်၊   နန်းစန္ဒီ၊ ခင်လပြည့်ဝန်း၊ သီရိစံနှင့် သွယ်သွယ်သိမ့်တို့က ဖျော်ဖြေတင်ဆက်ကြ မည်ဖြစ်သည်။

 


 ထိုသို့ တင်ဆက်မှုကို မေ ၁ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲ တွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်