ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနအနေဖြင့် စက်သုံးဆီများ အရည်အသွေးပြည့်မီမှု  ရှိ/မရှိ စစ်ဆေးခြင်းနှင့် ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူသုံးစွဲနိုင်ရေးတို့ကို ကြီးကြပ်ဆောင်ရွက်

 

 

နေပြည်တော်   မေ   ၂
စက်သုံးဆီဖူလုံမှု     ရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှု      ရှိစေရေး အတွက် ဆောင်ရွက်မည့် အစီအမံ များကို     နေပြည်တော်ကောင်စီ နှင့် နေပြည်တော်ရေနံနှင့် ရေနံ ထွက်ပစ္စည်းဆိုင်ရာ     လုပ်ငန်း ဆပ်ကော်မတီတို့       ရှင်းလင်း ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည် တော် ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ 
ရှေးဦးစွာ    နေပြည်တော် ကောင်စီဥက္ကဋ္ဌ       ဒေါက်တာ မောင်မောင်နိုင်က နေပြည်တော် ကောင်စီအနေဖြင့်      ရေနံထွက် ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီး ဌာနမှ  ဆောင်ရွက်မည့်ကိစ္စရပ် များ   လုပ်ဆောင်ရာတွင်   လိုအပ် သည်များကို    ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊       ပြည်ပ မှ    စက်သုံးဆီ   တင်သွင်းခြင်း၊ တင်သွင်းလာသည့်    စက်သုံးဆီ များကို သိုလှောင်ခြင်း၊  ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းစဉ်များ၏ လုပ်ငန်းတာဝန်များကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ရေနံထွက်ပစ္စည်း      ကြီးကြပ် စစ်ဆေးရေးဦးစီးဌာနအနေဖြင့် တင်သွင်းလာသည့်   စက်သုံးဆီ များ အရည်အသွေးပြည့်မီမှု ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်   စစ်ဆေးခြင်း၊ ပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာ ဖြင့်     ဝယ်ယူသုံးစွဲနိုင်ရေးတို့ကို ကြီးကြပ် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊  အရည်အသွေးနှင့် အရေအတွက်     ပြည့်မီမှန်ကန် စွာ ဝယ်ယူရရှိနိုင်ရေးတို့အတွက် စက်သုံးဆီ   တင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများ အပေါ် ဆောင်ရွက်သွားမည့် အစီ အမံများနှင့် စပ်လျဉ်း၍ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိကို   ပိုမို ထိရောက်စွာ ထိန်းကျောင်းနိုင်ရေး စီမံဆောင်ရွက်သွားရန်တိုက်တွန်း ပါကြောင်း ပြောကြားသည်။
ထို့နောက် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေး   ဦးစီးဌာန စစ်ဆေးရေးအရာရှိချုပ် ဦးနိုင်ဝင်း ထွန်းက စက်သုံးဆီဖူလုံမှုရှိစေရေး နှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် လုပ်ငန်းဆောင်ရွက်ချက် များနှင့်  ပတ်သက်၍   ရှင်းလင်း တင်ပြသည်။
ယင်းနောက်   နေပြည်တော် ကောင်စီ   အဖွဲ့ဝင်များနှင့်   ဌာန ဆိုင်ရာများက စက်သုံးဆီဖူလုံမှု ရှိစေရေးနှင့်  ဈေးနှုန်းတည်ငြိမ်မှု ရှိစေရေး၊ သိုလှောင်ခြင်း၊  ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို    ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း     သိရ သည်။
သတင်းစဉ်