
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၁၇ / ၂၀၂၄)
၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်
(၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေ ရမည်။
၂။ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ ပုဒ်မ ၂ တွင် ပုဒ်မခွဲ (ဋ)၊ (ဗ)၊ (ရ) နှင့် (လ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(ဋ) သိုလှောင်ခြင်းဆိုသည်မှာ ရေနံ သို့မဟုတ် ရေနံထွက်ပစ္စည်းကို သတ်မှတ်ချက်များ နှင့်အညီ နေရာတစ်ခုခုတွင် ထားသိုခြင်းကိုဆိုသည်။ ယင်းစကားရပ်တွင် ရေနံ သို့မဟုတ် ရေနံထွက်ပစ္စည်းကို စွမ်းအင်ဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သော လမ်းကြောင်းဖြင့် သယ်ယူနေစဉ်အတွင်း ခေတ္တထားသိုခြင်းမပါဝင်။
(ဗ) သက်ဆိုင်ရာဝန်ကြီးဌာနဆိုသည်မှာ စွမ်းအင်ဝန်ကြီးဌာနမှတစ်ပါး ဤဥပဒေပါ ပြည်ထောင်စုအဆင့်ရှိ အခြားဝန်ကြီးဌာနတစ်ခုခုကို ဆိုသည်။
(ရ) ဝန်ကြီးဌာနဆိုသည်မှာ ပြည်ထောင်စုအစိုးရ စွမ်းအင်ဝန်ကြီးဌာနကို ဆိုသည်။
(လ) ဝန်ကြီးဆိုသည်မှာ ပြည်ထောင်စုအစိုးရ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ဆိုသည်။”
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။
(ပုံ)
မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ