
ရေနံချောင်း ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး ရေနံချောင်း မြို့နယ်၌ အခြေခံမဲစာရင်းများ မှန်ကန်စေရေးနှင့် ရွေးကောက်ပွဲ ကျင်းပရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် အိမ်ထောင်စု လူဦးရေစာရင်းများ တစ်အိမ် တက်ဆင်း မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေး ကောက်ယူ ခြင်းလုပ်ငန်းကို ဇန်နဝါရီ ၉ ရက် က မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ် အတွင်းရှိ ကျေးရွာများတွင် ကွင်း ဆင်း ဆောင်ရွက်လျက်ရှိသည်။
ရေနံချောင်းမြို့ သစ်တပွေ ရပ်ကွက်အတွင်း အိမ်ထောင်စု လူဦးရေစာရင်း ကောက်ယူနေမှု အား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှု ရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုနှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ချောက် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး စာရင်းဇယား၊ ကိန်းဂဏန်း အချက်အလက်များ မှန်ကန်စွာ ဖြည့်သွင်းဆောင်ရွက် ကြရန် စစ်ဆေးမှာကြားသည်။
အိမ်ထောင်စုလူဦးရေ စာရင်း မြေပြင်ကွင်းဆင်း တိုက်ဆိုင် စစ်ဆေး ကောက်ယူရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီး မှူးရုံးမှ ဦးဆောင်ကာ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်/ကျေးစာရေး ဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်း များ ပူးပေါင်းအဖွဲ့ ၁၁၄ ဖွဲ့က မြို့နယ် အတွင်းရှိ စာရင်းကောက် ယူရန် အိမ်ထောင်စုပေါင်း ၄၅၈၃၅ စုကို ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက် အထိ သတ်မှတ်ထားသော ညွှန် ကြားချက်များနှင့်အညီ အပြီး ကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီး မှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)