
ရေနံချောင်း ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး ရေနံချောင်း မြို့တွင် ဆင်းရဲနွမ်းပါးသည့် မသန်စွမ်း အမျိုးသားတစ်ဦး ဖြစ်သည့် ဦးမောင်မောင်ကြည် (ရေနံချောင်းမြို့သူ၊ မြို့သားများ အခေါ် “အံ့သြပ ဗိုလ်ကြည်မောင်”)သည် အများပြည်သူ၏ စွန့်ကြဲ ပေးကမ်းမှုမှ ရရှိသောငွေကြေးများ ကို စုဆောင်းထားရှိမှုဖြင့် ရေနံ ချောင်းမြို့ရှိ ကျောင်းတိုက် အသီးသီးတွင် သီတင်းသုံးတော်မူ သော သံဃာတော်များနှင့် သီလရှင်များအား သံဃာ့ဒါန ဆွမ်းတော်ကြီး လောင်းလှူပွဲကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။
အလှူရှင် “အံ့သြပ ဗိုလ်ကြည် မောင်” သည် ရေနံချောင်းမြို့ရှိ လမ်းမများတွင် နေထိုင်ကာ တောင်းရမ်းစားသောက်သူ ဖြစ် သော်လည်း တောင်းရမ်း၍ ရရှိ သောငွေကြေးများကို သူယုံကြည် သောသူဖြစ်သည့် ရေနံချောင်း မြို့ “တိုင်းကျော် လက်ဖက်ရည် ဆိုင်” ပိုင်ရှင်ထံ အပ်နှံစုဆောင်း ထားပြီး စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ရေနံချောင်းမြို့ ရွှေကြာငုံရပ် မဟာမုနိအသံမစဲ မဟာပဋ္ဌာန်း ပူဇော်ပွဲတွင် ငွေပဒေ သာ အလှူငွေကျပ် သုံးသောင်းခုနစ် ထောင်ကို လည်းကောင်း၊ ရေနံချောင်းမြို့ လွတ်လပ်ရေးနေ့ စာရေးတံမဲပွဲတွင် ငွေသားနှင့် ပစ္စည်းအလှူငွေကျပ် သုံးသိန်းကို လည်းကောင်း၊ ရေနံချောင်းမြို့ရှိ ကျမ်းကိုင်ဘုရားကြီး ပြုပြင်ရာ တွင် အလှူငွေကျပ် ငါးသောင်းကို လည်းကောင်း၊ စတုပစ္စယရိုးမ ဆွမ်းလောင်းအသင်း ငွေပင် ငွေရင်း အလှူငွေကျပ် တစ်သိန်း နှင့် ရေနံချောင်းမြို့အောက်ဆီဂျင် စက်ရုံ(ပရဟိတ) ဖြစ်မြောက်ရေး အတွက် အလှူငွေကျပ်သုံးသောင်း တို့ကိုလည်းကောင်း ယခင်နှစ် ကိုဗစ်ကာလအတွင်း လှူဒါန်း ထားရှိပြီးဖြစ်ကာ ယခုအခါတွင် အလွန်မွန်မြတ် သော သံဃာ့ဒါန ဆွမ်းတော်ကြီးလောင်းလှူပွဲကြီးကို ငွေကျပ် ခုနစ်သိန်းကျော် အကုန်အကျခံကာ ကျောင်းတိုက် အသီးသီးတွင် သီတင်းသုံးတော် မူသော သံဃာတော်အပါး ၅၀၀ နှင့် သီလရှင် အပါး ၁၀၀ တို့အား ဆွမ်းဟင်း ငါးမျိုးဖြင့် စေတနာ သဒ္ဓါတရား ထက်သန်စွာ လှူဒါန်းသွားမည် ဖြစ်ကြောင်း နှင့် အလှူရှင်ဖြစ်သော ဆင်းရဲ နွမ်းပါးသည့် မသန်စွမ်း အမျိုးသားတစ်ဦး ဖြစ်သည့် “အံ့သြပ ဗိုလ်ကြည်မောင်”၏ ယခု ကဲ့သို့ လှူဒါန်းရခြင်း၏ ရည်ရွယ် ချက်ဆုတောင်းမှာ“ဘဝဆက်တိုင်း တောင်းရမ်းစားသောက်ရသူ မဖြစ် ပါရစေနဲ့ ” ဖြစ်ကြောင်း၊ ထိုသူ၏ သံဃာ့ဒါနဆွမ်းတော်ကြီး လောင်း လှူပွဲ ဖိတ်ကြားသည့် ဖိတ်စာ တွင် ဖော်ပြထားကြောင်း သိရသည်။
အဆိုပါ ဆင်းရဲနွမ်းပါးသည့် မသန်စွမ်းအမျိုးသား တစ်ဦးဖြစ် သည့် “အံ့သြပ ဗိုလ်ကြည်မောင်” ၏ ဆွမ်းတော်ကြီးလောင်းလှူပွဲ တွင် ရေစက်ချ တရားနာလာ ရောက်သူများကို စေတနာရှင် အလှူရှင်အချို့က စုပေါင်း၍ အာဟာရဒါနများ ပြုလုပ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းငြိမ်းအိ