ရေနံချောင်းမြို့နယ် ကုက္ကိုခွကျေးရွာအုပ်စုအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ ဝါဒဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  ဇူလိုင်  ၃၀
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကုက္ကိုခွကျေးရွာအုပ်စုအတွင်းသို့ ဇူလိုင် ၂၈ ရက်က    လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အမျိုး သမီးတစ်ဦးသေဆုံးခဲ့ပြီး လေးဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု သတင်းတု၊ သတင်း အမှားများကို တရားမဝင်ပြည်ဖျက်မီဒီ ယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
လက်နက်ကြီးပစ်ခတ်မှုများမရှိ
အဆိုပါသတင်းနှင့်ပတ်သက်၍ ရေနံ ချောင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်း ရက်တွင်  ကုက္ကိုခွကျေးရွာအုပ်စု    အနီး ဝန်းကျင်တွင် PDF အမည်ခံအကြမ်းဖက် သမားများ ခိုအောင်းလှုပ်ရှားနေကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက် အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက  လိုအပ် သော     နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက် ခဲ့ရာတွင်  လုံခြုံရေးတပ်ဖွဲ့ဝင်များအနေ ဖြင့် ပြည်သူများနေထိုင်ရာ ကျေးရွာများ အတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုများမရှိ ကြောင်း သိရသည်။
လုပ်ကြံရေးသားဝါဒဖြန့်ဝေ
၎င်း PDF အမည်ခံအကြမ်းဖက်သမား များသည် ရေနံချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အဓမ္မငွေကြေးကောက်ခံ ခြင်းနှင့်  ဒေသခံပြည်သူများကို   ဖမ်းဆီး သတ်ဖြတ်မှုများ    လုပ်ဆောင်နေသည့် အတွက်     လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ နယ်မြေ လုံခြုံရေး    ဆောင်ရွက်လျက်ရှိသည်ကို အထင်အမြင်လွဲမှားစေရန်  သတင်းတု၊ သတင်းအမှားများဖြင့် လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေခြင်းသာ    ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်