ရေနံဈေးမြင့်တက်မှုကိုကာမိစေရန် ဂျပန် တာယာထုတ်လုပ်သူများ ဈေးနှုန်းမြှင့် 


 

တိုကျို   ဇန်နဝါရီ   ၂၄
ဂျပန်နိုင်ငံရှိ အဓိကတာယာထုတ်လုပ်သူများသည် ယခုနှစ်အတွင်း ဈေးနှုန်းကြီးမြင့်မှုများကို ကာမိစေရန် နှင့်ရေနံစိမ်းဈေးနှုန်းများကြီးမြင့်နေသည့်အတွက်  တာယာဈေးများကိုတိုးမြှင့်လိုက်သည်ဟု သိရသည်။ 
ဈေးမြှင့်ရန်ဆုံးဖြတ်
ဘရစ်စတုန်းတာယာလုပ်ငန်းက နှစ်နှစ်နှင့် ရှစ်လအတွင်းပထမဦးဆုံးအကြိမ်အဖြစ် တာယာတင်ပို့ ရောင်းချမှုကို ဈေးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဧပြီလမှစတင်ကာ  ဘရစ်စတုန်း ခရီးသည်တင်ကားနှင့် မော်တော်ဆိုင်ကယ်တာယာများကို ၇ ရာခိုင်နှုန်း ဈေး တိုးမြှင့်သွားမည်ဟု သိရသည်။
ထရပ်ကားနှင့်ဘတ်စ်ကားတာယာများကိုမူ ၈ ရာခိုင်နှုန်းတိုးမြှင့်သွားမည်ဖြစ်သည်။ တိုယိုတာယာသည် ၎င်းတို့၏ တာယာဈေးနှုန်းကို ယခုလအတွင်း ၁၀ ရာခိုင်နှုန်းအထိ  တိုးမြှင့်ခဲ့သည်။ ဆူမီတိုမီ ရော်ဘာ သည်လည်း မတ်လတွင် ၁၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်ဈေးတက်မည်ဖြစ်ပြီး ယိုကိုဟာမာရော်ဘာသည်လည်း ဧပြီလ သို့မဟုတ် ယင်းနောက်ပိုင်းတွင် ၉ ရာခိုင်နှုန်း ဈေးတက်မည်ဟု သိရသည်။ 
ဓာတုရော်ဘာတွင် အသုံးပြုရသည့်ရေနံစိမ်းဈေးနှုန်းကြီးမြင့်မှုကြောင့် ယခုလိုပြုလုပ်ရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ကုမ္ပဏီများကပြောသည်။                                                                     အင်န်အိတ်ချ်ကေ