ရေးနော့ လျှပ်စစ်ကားထုတ်လုပ်ရေးတွင် မစ်ဆူဘီရှီကုမ္ပဏီက အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ရင်းနှီးမြှုပ်နှံမည်

 

တိုကျို အောက်တိုဘာ ၂၅


ဂျပန် ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် မစ်ဆူဘီရှီသည်  ၎င်း၏မိတ်ဖက် ပြင်သစ်ကားကုမ္ပဏီဖြစ်သည့် ရေးနော့မှ တည်ထောင်ထားသည့် လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းတွင် အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော် ရင်းနှီးမြှုပ်နှံမည်ဟု သိရသည်။ 


မစ်ဆူဘီရှီကုမ္ပဏီသည်  Ampere  ကုမ္ပဏီ၏ အစုရှယ်ယာအတွက်    အမေရိကန်ဒေါ်လာ သန်း ၂၁၀ ကို  အသုံးပြုသွားမည်ဖြစ်သည်။ ယင်းသို့ပြုလုပ် ခြင်းဖြင့်  မစ်ဆူဘီရှီကုမ္ပဏီအနေဖြင့်   ကုမ္ပဏီသစ်မှ လျှပ်စစ်ကားများရရှိမည်ဖြစ်ပြီး    ၎င်း၏ကိုယ်ပိုင် တံဆိပ်အောက်တွင် ရောင်းချနိုင်မည်ဖြစ်သည်။


အဆိုပါကားများကို   ဥရောပနှင့်  အခြားသော နေရာများတွင်    ရောင်းချရန်   စီစဉ်ထားသည်။ ရေးနော့ကုမ္ပဏီ၏  ကုမ္ပဏီခွဲဖြစ်သော  Ampere သည် အမေရိကန် နည်းပညာကုမ္ပဏီကြီးဖြစ်သည့် ဂူဂဲလ်နှင့်လည်း   ချိတ်ဆက်ထားသည်။     အလို အလျောက်    မောင်းနှင်ခြင်းနှင့်     အခြားသော နည်းပညာများတွင်  လိုအပ်သည့်ဆော့ဖ်ဝဲလ်များတိုးတက်လာစေရန်    ရည်ရွယ်ထားခြင်းလည်း ဖြစ်သည်။ 


နစ်ဆန်းကားကုမ္ပဏီသည်လည်း    Ampere တွင် ယူရိုသန်း ၆၀၀ ရင်းနှီးမြှုပ်နှံမည်ဟု အစောပိုင်း က ပြောကြားခဲ့သည်။                

အင်န်အိတ်ချ်ကေ