
နေပြည်တော် ဧပြီ ၂၀
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အား သစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး အစီအစဉ်များ ကို တိုးမြှင့်တင်ဆက်လျက်ရှိရာ “ရွှေမဉ္ဇူအငြိမ့်” ဖျော်ဖြေပွဲကို ၂၀၂၂ ခုနှစ် ဧပြီ ၂၃ ရက် စနေနေ့ ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့် ပြသမည်ဖြစ်သည်။
ယင်းဖျော်ဖြေမှုကို ဝင်းဝင်းက စီစဉ်ပြီး ပြည့်စုံအောင် မင်္ဂလာ ဆိုင်းအဖွဲ့၏ တီးခတ်မှုနှင့်အတူ ခေါင်းဆောင်မင်းသမီး ဆုရတီ၊ ရှေ့ထွက်မင်းသမီး ခရေချစ်၊ လူရွှင်တော်များ ဖြစ်ကြသည့် စံလင်း၊ အောင်ချစ်၊ ဖြိုးကြွယ်နှင့် ရွှေအိုးတို့က ဖျော်ဖြေတင်ဆက် ကြမည်ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို ၂၀၂၂ ခုနှစ် ဧပြီ ၂၄ ရက် (တနင်္ဂနွေနေ့) မွန်းလွဲပိုင်း National News အင်္ဂလိပ်ဘာသာ သတင်းအစီ အစဉ်အပြီးတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့် ပြသမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်