“ရွှေမြန်မာအငြိမ့်”  ဖျော်ဖြေပွဲကို  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်   မတ်    ၂၁


ပြည်သူများ  အပန်းပြေစေရန်၊ ပျော်ရွှင် စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန် အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့် တင်ဆက်လျက်ရှိရာ   မတ်    ၂၇   ရက် တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ကို    ကြိုဆိုဂုဏ်ပြုသော အားဖြင့်  “ရွှေမြန်မာအငြိမ့်” ဖျော်ဖြေပွဲ အမှတ်စဉ်   (၄)   ကို   မတ်  ၂၂  ရက် (ဗုဒ္ဓဟူးနေ့)   ည  ၈  နာရီ  သတင်းအပြီး တွင်   မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား ၏ MRTV-HD Channel မှ  ထုတ်လွှင့်ပြသ မည်ဖြစ်သည်။


ယင်းဖျော်ဖြေမှုကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက       စီစဉ်ပြီး ရွာစားကျော်   နိုင်လင်းဗိုလ်   ဆိုင်းဝိုင်း ကြီးအဖွဲ့၏      တီးခတ်မှုနှင့်      အတူ ခေါင်းဆောင်မင်းသမီး     စိုးသန္တာဝင်း၊ ရှေ့ထွက်မင်းသမီး သီရိမျိုးစံ၊ လူရွှင်တော် များဖြစ်ကြသည့် အာဗြဲ၊ ရောင်နီ၊ ဝမ်းတူး နှင့်  လမုန့်တို့က  ဖျော်ဖြေတင်ဆက်ကြ မည်ဖြစ်သည်။ 


သတင်းစဉ်