
နေပြည်တော် အောက်တိုဘာ ၁၄
အများပြည်သူ ပျော်ရွှင်စေရန်၊ အပန်းပြေ စေရန်နှင့် စိတ်ခွန်အားသစ်များရရှိနိုင်ရန် အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တင်ဆက်လျက် ရှိရာ “ရွှေမြန်မာအငြိမ့်” ဖျော်ဖြေပွဲကို အောက်တိုဘာ ၁၆ ရက် စနေနေ့ ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့် ပြသမည်ဖြစ်သည်။
ယင်းဖျော်ဖြေမှုကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ စီစဉ်ပြီး ရွာစားကျော်နိုင်လင်းဗိုလ်(ဆိုင်း)၏ တီးခတ်မှုနှင့်အတူ ခေါင်းဆောင်မင်းသမီး ဇာနည်အောင်၊ ရှေ့ထွက်မင်းသမီး မာလာမြင့် အောင်၊ လူရွှင်တော်များဖြစ်ကြသည့် အာဗြဲ၊ ရောင်နီ၊ ဝမ်းတူးနှင့် လမုန့်တို့က ဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို အောက်တိုဘာ ၂၀ ရက် မွန်းလွဲပိုင်း National News အစီအစဉ် အပြီးတွင် ဒုတိယအကြိမ် ထမ်မံထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်