ရေးမြို့နယ် ကဗျာဝ - တရုတ်ထောက် ကတ္တရာလမ်း ပြီးစီး

 

နေပြည်တော်   စက်တင်ဘာ    ၄     


မွန်ပြည်နယ်  ရေးမြို့နယ်အတွင်း ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ဖောက်လုပ်ပြီးစီးခဲ့သော ကဗျာဝ - တရုတ်ထောက် ပင်လယ်ကမ်းခြေပတ် မြေသားလမ်း ၃ မိုင် ၄ ဖာလုံအနက် ၁ မိုင် ၄ ဖာလုံကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၂၄၁ ဒသမ ၅၉၉ သန်း ဖြင့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းနှင့် ကျန်ရှိသည့် မြေသားလမ်း ၂ မိုင်ကိုလည်း  ဆက်လက် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မွန်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။


အဆိုပါလမ်းသည် ကဗျာဝကျေးရွာနှင့် တရုတ်ထောက်ကျေးရွာများရှိ အိမ်ထောင်စု ၄၆၅ စု၊ လူဦးရေ ၂၆၂၃ ဦးကို အကျိုးပြုလျက်ရှိကြောင်း သိရှိရသည်။         

သတင်းစဉ်