
တရုတ်တိုင်းရင်းဆေးပစ္စည်းများ အပြည့် တင်ဆောင်ထားသည့် ကုန်တင်ကားတစ်စီးသည် ဇန်နဝါရီ ၂၇ ရက် ညနေပိုင်းက မြန်မာနိုင်ငံ မူဆယ်မြို့မှ ရွှေလီနယ်စပ်ဂိတ်သို့ တဖြည်းဖြည်းချင်းမောင်းနှင်သွားကာ မူလကားမှ ယာဉ်မောင်းက ပြည်ဝင်လုပ်ငန်းဆိုင်ရာများကို တိုက်ရိုက်လုပ်ဆောင် လျက်ရှိသည်။
သုံးနှစ်နီးပါးအကြာ ပိတ်ထားခဲ့သော တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော် ကုန်ပစ္စည်းပို့ဆောင်ရေး သည် ယခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ပထမဆုံး အသုတ် ပြည်ဝင်ပြည်ထွက်ခရီးသွားများ ရွှေလီ နယ်စပ်ဂိတ်မှ အဆင်ပြေချောမွေ့စွာ ဖြတ်သန်း သွားပြီးနောက် ကပ်ရောဂါမတိုင်မီ ပုံမှန်စီမံသည့် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ် ကြောင်း ဖော်ပြနေခြင်းဖြစ်သည်။
လက်ရှိတွင် ရွှေလီနယ်စပ်ဂိတ်၏ နယ်စပ်ဖြတ် ကျော် ကုန်ပစ္စည်းပို့ဆောင်မှုတွင် အပိုင်းခွဲ၍ ပို့ဆောင်ခြင်း၊ ယာဉ်မောင်းလဲ၍ မောင်းနှင်ခြင်းနှင့် ပိုးသတ်၍ထားရှိခြင်း စသည့်အဆင့်များကို ဖယ်ရှားလိုက်ကာ ဂိတ်ဖြတ်ကျော်သည့် အဆင့်များ ကို လွယ်ကူအောင်ဆောင်ရွက်လိုက်သဖြင့် ဂိတ်ဖြတ် ကျော်သည့်ကြာချိန်ကို လျှော့ချလိုက်ပြီး ဂိတ်ဖြတ် ကျော်သည့်အမြန်နှုန်း သိသိသာသာ တိုးတက် လာသည်။
တရုတ်နိုင်ငံ နယ်စပ်စစ်ဆေးရေးအဖွဲ့အစည်း ဌာနသည်လည်း အစီအမံများကို ဆက်လက် ကောင်းမွန်စေရန် ဆောင်ရွက်၍ ပူးတွဲစစ်ဆေးသည့် ဌာန၊ ပို့ကုန်သွင်းကုန်ကုမ္ပဏီများနှင့် ချိတ်ဆက်ကူးလူးဖလှယ်မှုမြှင့်တင်ကာ ယာဉ်များဂိတ် ဖြတ်သန်းရာတွင် စောင့်ဆိုင်းရမှုမရှိခြင်း၊ စစ်ဆေး သည့်အဆင့်တွင် ကြာချိန်မရှိခြင်းတို့ကို အာမခံပေး မည်ဖြစ်သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်စပ်ဂိတ် များအနက် ပြည်ဝင်ပြည်ထွက် ပမာဏအများဆုံး၊ ကုန်သွယ်မှုပမာဏအများဆုံးဖြစ်သည့် ကုန်းလမ်း နယ်စပ်ဂိတ်ဖြစ်သော ရွှေလီနယ်စပ်ဂိတ်ကို ကပ်ရောဂါမတိုင်မီ ပုံမှန်စီမံသည့်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားစေရန် ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးကို မြှင့်တင်၍ နှစ်နိုင်ငံစီးပွားရေး ပြန်လည်ဦးမော့ လာရေးအတွက် အားသစ်လောင်းပေးနိုင်မည်ဖြစ် ကြောင်း သိရသည်။
သီရိ