ရွှေလီနယ်စပ်ဂိတ် ကျယ်ဂေါင်နန်းတော်ဂိတ်၊ ကုန်ပစ္စည်းစခန်း၊ တရုတ် - မြန်မာဈေး၌ လူနှင့်ကုန်ပစ္စည်း ဖြတ်သန်းသွားလာမှု ပြန်လည်ဖွင့်လှစ်

 

နေပြည်တော် ဇန်နဝါရီ  ၅
တရုတ်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှု၊ ပြည်သူလူနေမှုဘဝ    အကျိုးစီးပွားများကို     ပိုမို ကောင်းမွန်စွာ   ဝန်ဆောင်မှုပေးနိုင်ရန်၊    နှစ်နိုင်ငံ နယ်စပ်ဒေသ  ချစ်ကြည်ရင်းနှီးစွာ  ကူးလူးဆက်ဆံ ပူးပေါင်းဆောင်ရွက်မှုကို     မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်မှစ၍ တရုတ်-မြန်မာ နယ်စပ်ဂိတ်လမ်းကြောင်းဖြစ်သော ရွှေလီနယ်စပ်ဂိတ်    ကျယ်ဂေါင်နန်းတော်ဂိတ်၊ ကုန်ပစ္စည်းစခန်း၊ တရုတ်-  မြန်မာဈေးစသည့် လမ်းကြောင်းသုံးခု၌ လူနှင့် ကုန်ပစ္စည်း ဖြတ်သန်း သွားလာမှုကို    ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ဖြတ်သန်းသွားလာခွင့် ပြန်လည်ဖွင့်လှစ်ပြီးနောက် ပြည်ဝင်ပြည်ထွက်သည့် ကုန်ပစ္စည်းယာဉ်များနှင့် မောင်းနှင်သူများသည် ကုန်ပစ္စည်းစခန်းလမ်းကြောင်း မှ ဝင်ထွက်ရမည်ဖြစ်ပြီး အချိန်မှာ ပေကျင်းစံတော်ချိန် နံနက် ၈ နာရီမှ ည ၁၁ နာရီအထိ ဖြစ်သည်။
အစိုးရဝန်ထမ်းနှင့် အတူလိုက်ပါသော ယာဉ်များ သည် နန်းတော်ဂိတ်လမ်းကြောင်းမှ ဝင်ထွက်ရမည် ဖြစ်ပြီး အချိန်မှာ ပေကျင်းစံတော်ချိန် နံနက် ၈ နာရီ မှ ည ၉  နာရီခွဲအထိဖြစ်သည်။ အခြားလူပုဂ္ဂိုလ်နှင့် အသေးစားအိမ်စီးကား၊ နှစ်ဘီးဆိုင်ကယ်၊ အီလက် ထရွန်နစ်ဆိုင်ကယ်များကမူ တရုတ်- မြန်မာဈေး လမ်းကြောင်းမှ   ဝင်ထွက်ရမည်ဖြစ်ပြီး   အချိန်မှာ ပေကျင်းစံတော်ချိန် နံနက် ၈ နာရီမှ ည ၉ နာရီခွဲ အထိဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် တရုတ်နိုင်ငံ   ရွှေလီနယ်စပ်ဂိတ် စီမံအုပ်ချုပ်သည့်ဌာနက နှစ်ဦးနှစ်ဖက် လူပုဂ္ဂိုလ် သွားလာမှု၊   ကုန်ပစ္စည်းဖြတ်သန်းမှု    ပြန်လည် ဖွင့်လှစ်ရန်အတွက်     ကြိုတင်ပြင်ဆင်လျက်  ရှိနေပြီ ဖြစ်သည်။ 
ကိုရိုး