ရွေ့လျားဈေးကားရောင်းချနေမှုနှင့် သန့်ရှင်းသာယာရေးလုပ်ငန်းများ  ရန်ကုန်မြို့တော်ဝန် ကြည့်ရှုစစ်ဆေး

 

 

ရန်ကုန်    မေ     ၃၁
ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး     ရန်ကုန် မြို့တော်         စည်ပင်သာယာရေး ကော်မတီ  ဥက္ကဋ္ဌ   (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည်     ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်)      ဦးညီညီ၊    အတွင်းရေးမှူး      ဦးညွန့်ဖေနှင့်   ကော်မတီဝင်များနှင့်အတူ   ယနေ့ နံနက် ၆ နာရီခွဲတွင် ရန်ကင်းမြို့ နယ် (၈) ရပ်ကွက် အောက်နှင်းဆီ လမ်းရှိ    ကံဘဲ့စည်ပင်အိမ်ရာဝင်း အတွင်း  ရွေ့လျားဈေးကား  စနစ် ဖြင့်  ကုန်စိမ်း၊  ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး၊ ပုစွန်အမျိုးမျိုး တို့ကို   ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး    လိုအပ်သည် များ မှာကြားသည်။
ဆက်လက်၍    မြို့တော်ဝန် နှင့်အဖွဲ့သည်   ရန်ကင်းမြို့နယ်၊  (၁၁) ရပ်ကွက် အောက်နှင်းဆီလမ်း ရှိ     ဆည်မြောင်းချောင်းအတွင်း အမှိုက်နှင့်         မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှုနှင့် ဆည် မြောင်းချောင်း၏    ဝဲ/ယာတွင်    မြေထိန်းနံရံ    ပြုလုပ်နေမှုတို့ကို လည်းကောင်း၊   အောက်နှင်းဆီ လမ်း ကွန်ကရစ်ခင်းကျင်းနေမှုကိုလည်းကောင်း၊ ရန်ကင်းမြို့နယ် (၄)   ရပ်ကွက်   ရန်ငြိမ်းလမ်းသို့    သွားရောက်၍     ရန်ငြိမ်းလမ်း ကွန်ကရစ်လမ်းသား   တိုးချဲ့ခင်း ကျင်းနေမှုကို    လည်းကောင်း၊ ရန်ကင်းမြို့နယ်  (၁၆)  ရပ်ကွက် ပြည်တော်အေးလမ်းသို့    သွား ရောက်၍     ရန်ကင်းမြို့နယ်နှင့် တာမွေမြို့နယ်      မာန်အောင် ရပ်ကွက်အကြား     ခုနစ်ပင်လိမ် ချောင်းအတွင်း စက်ယန္တရားဖြင့်   အမှိုက်နှင့်  နုန်းများ   ဆယ်ယူ ရှင်းလင်းခြင်း၊       ချောင်းကမ်း တစ်လျှောက် မြေညှိပြုပြင်ခြင်းနှင့် ချောင်းကြမ်းပြင် ပြန်လည်တူးဖော် ခြင်း       ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားသည်။
ထို့နောက်   မြို့တော်ဝန်နှင့် အဖွဲ့သည်  တောင်ဥက္ကလာပမြို့ နယ်၊  (၁၅) ရပ်ကွက်  သံသုမာ လမ်းမပေါ်ရှိ    ရေပေါက်ကြည် ချောင်း   ရေထိန်းတံခါးသို့     သွား ရောက်၍ ရေစီးရေလာကောင်းမွန် ရေး ဆောင်ရွက်နေမှုနှင့် ရေစုပ် စက်များ    ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေမှုတို့ကို        လည်း ကောင်း၊      မရမ်းကုန်းမြို့နယ်     ကမ္ဘာအေး        ဘုရားလမ်းပေါ်ရှိ     အင်းလျားကန်ပေါင်သို့        သွား ရောက်၍ အင်းလျားကန်စိမ်းလန်း စိုပြည်ရေး   လုပ်ငန်းများ ဆောင် ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ       မှာကြားခဲ့ ကြောင်း သိရသည်။      
           သတင်းစဉ်