ရွေ့လျားဈေးကားစနစ်ဖြင့် ဈေးရောင်းချနေမှုနှင့် အောက်ဆီဂျင်လိုအပ်ချက် ဖြည့်တင်းရေးဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး

ရန်ကုန်  ဩဂုတ်  ၁၉


ရန်ကုန်တိုင်းဒေသကြီး  စည်ပင်သာယာ ရေးဝန်ကြီး၊ ရန်ကုန်မြို့တော်  စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီက အင်းစိန်မြို့နယ်  ဖန်ချက်စက်လမ်းရှိ စံပြချမ်းမြေ့စည်ပင်အိမ်ရာဝင်း၌ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ကြီးကြပ်မှုဖြင့် မြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာနမှ ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန   လိုင်စင်စီများမှ အသားမျိုးစုံနှင့် ဈေးများနှင့် ကုန်စည်ပွဲရုံ များဌာနမှ    ငါး/ပုစွန်အမျိုးမျိုးတို့ကို ရွေ့လျားဈေးကားစနစ်ဖြင့် ရောင်းချနေမှု ကို    သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။


ထို့နောက် မြိုတော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာ ကွန်ဗင်းရှင်းစင်တာ(MCC) ကိုဗစ်ကုသရေး စင်တာတွင် မြန်မာသီဟကုမ္ပဏီက လှူဒါန်း ထားသည့် တန် ၂၀ Liquid Oxygen Tank ကို အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ တပ်ဆင်နေမှုကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ   မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့ သည်    သင်္ဃန်းကျွန်းမြို့နယ်   ရေနံ့သာ လမ်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ  မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်  သန့်ရှင်းရေးဌာန ရေနံ့သာ မော်တော်ယာဉ်ဝင်းသို့   သွားရောက်ပြီး တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင် အိုးအလုံး   ၈၀   ဖြည့်ပေးနိုင်သည့် အောက်ဆီဂျင်စက်     တပ်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည်များ မှာကြား   ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။  


သတင်းစဉ်