
ရေကြည် အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုး ရေးဦးစီးဌာနမှ ရေကြည်မြို့နယ် အတွင်းရှိ ပေါ်ဆန်းဘေးကြား စိုက် မိုးစပါးမျိုးစေ့ထုတ်တောင်သူ များအား ဓာတ်မြေသြဇာအိတ်များ ပေးအပ်ပွဲအခမ်းအနားကို နွားရေ တိုက်ကျေးရွာ၌ ယမန်နေ့ ညနေ ၄ နာရီက ကျင်းပသည်။
အခမ်းအနားတွင် ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ရေကြည် မြို့နယ် နွားရေတိုက်ကျေးရွာ အုပ်စု၊ ပန်းဇံကွင်းကျေးရွာအုပ်စု ကွင်းကြီးကျေးရွာအုပ်စု၊ မကျီး လာဟာကျေးရွာ အုပ်စုတို့မှ ပေါ်ဆန်းဘေးကြားစိုက် မိုးစပါး မျိုးစေ့ထုတ်တောင်သူ ၂၂ ဦးကို ဓာတ်မြေသြဇာအိတ် ၃၀ ကို ပေးအပ်ရာ ကွင်းကြီးကျေးရွာ အုပ်စုနေတောင်သူ ဦးဝင်းသိန်း က တောင်သူများ ကိုယ်စား လက်ခံရယူသည်။
ထို့နောက် ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် နွားရေတိုက်ကျေးရွာအုပ်စု တောင်သူ ဦးကြည်ခိုင်စိုး၏ ကွင်းအမှတ် ၈၃၃ ရှိ ပေါ်ဆန်း ဘေးကြား မျိုးစေ့ထုတ်စိုက်ခင်း တွင် မျိုးကွဲနုတ်ပယ်ခြင်းနှင့် ပေါင်းမြက်ရှင်းလင်းမှု ကွင်းသရုပ် ပြပွဲကို ကြည့်ရှုအားပေးသည်။
ရေကြည်မြို့နယ်တွင် မိုးစပါး စိုက်ပျိုးဧက ၁၀၁၇၃၈ ဧကရှိပြီး ပေါ်ဆန်းဘေးကြား စပါးစိုက် ဧရိယာ ၂၆၃၈ ဧကရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ အလားတူ စက်တင် ဘာလအတွင်းက ရေကြည် မြို့နယ်အတွင်းရှိ မျိုးစေ့ထုတ် တောင်သူ ၁၂၂ ဦး၏ စိုက်ပျိုး ဧရိယာ ၂၈၈ ဧကအတွက် ဓာတ်မြေသြဇာ ၁၄၄ အိတ်ကို အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
ဆန်းတင့်(ရေကြည်)