ရေကြည်မြို့နယ်၌ ပေါ်ဆန်းဘေးကြားစိုက်ပျိုးတောင်သူများနှင့် ဧရာဟင်္သာကုမ္ပဏီမှ တာဝန်ရှိသူများတွေ့ဆုံ တောင်သူများကို အတိုးမရှိ ငွေထုတ်ချေးပေးနိုင်ရန်အတွက် တွေ့ဆုံညှိနှိုင်းဆွေးနွေး

 

ရေကြည်    သြဂုတ်    ၉


ဧရာဝတီတိုင်းဒေသကြီး ရေကြည် မြို့နယ်     နွားရေတိုက်ကျေးရွာ အုပ်စု         နွားရေတိုက်ကျေးရွာ  ရတနာသုခကျောင်းတိုက်အတွင်း ရှိ သာသနာ့ဗိဗာန်တွင် တိုင်းဒေသ ကြီး  စိုက်ပျိုးရေးဦးစီးမှူး၊  ဧရာ ဟင်္သာကုမ္ပဏီမှ တာဝန်ရှိသူများ က  ပေါ်ဆန်းဘေးကြားစိုက်ပျိုးတောင်သူများနှင့်   ယနေ့နံနက်  ပိုင်းက   တွေ့ဆုံကာ   တောင်သူ များကို  အတိုးမရှိ  ငွေထုတ်ချေး ပေးရန်အတွက်    ညှိနှိုင်းတိုင်ပင် ဆွေးနွေးပွဲကျင်းပသည်။

 


တွေ့ဆုံရာတွင်    တိုင်းဒေသ ကြီး  စိုက်ပျိုးရေးဦးစီးမှူး  ဦးစိန် မောင်မြင့်က   ရေကြည်ပေါ်ဆန်း ဘေးကြားစိုက် တောင်သူများအနေ ဖြင့်  စိုက်ပျိုးရန်   ပြင်ဆင်ထားရှိမှု အခြေအနေများ၊       မျိုးသန့်ကို စိုက်ပျိုးကြရန်နှင့်         စိုက်ခင်း၊ အခြောက်ကြဲခင်း၊ တမန်းကြဲခင်း အကြောင်းရှင်းပြပြီး      အစားထိုး မိုးနေကြာပါ   ထည့်သွင်းစိုက်ပျိုး သင့်ကြောင်း ပြောကြားသည်။

 


ထို့နောက်   ဧရာဟင်္သာကုမ္ပဏီ  မှ  မန်နေဂျင်းဒါရိုက်တာ ဦးစည်သူ စိုးက    ပေါ်ဆန်းဘေးကြားစိုက်တောင်သူများကို    တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် အတိုး မရှိ ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ ထွက်ရှိလာမည့်         စပါးကို ပေါက်ဈေးအတိုင်း  ဝယ်ယူမည် ဖြစ်ကြောင်း ပြောကြားသည်။

 


ရေကြည်မြို့နယ်     ကျေးရွာ အုပ်စု    လေးအုပ်စု၌     ရေကြည် ပေါ်ဆန်းဘေးကြား     စိုက်ပျိုးဧက ၂၆၃၈ ဧက၊   မျိုးသန့်   ၅၁  ဧက  မျိုးသန့်       လွှမ်းခြုံနိုင်ရေးနှင့် လာမည့်နှစ်တွင်    ဧက   ၅၀၀၀ ကျော် လွှမ်းခြုံနိုင်ရေး ဆောင်ရွက် မည်ဖြစ်ကြောင်း     သိရသည်။ ရေကြည်မြို့နယ်            ရေကြည် ပေါ်ဆန်းဘေးကြားစပါးနှင့် ရွှေဘို ပေါ်ဆန်းစပါး  နှစ်မျိုးကို   လယ် တစ်ကွက်တည်း    စပါးငန်းခွဲပြီး  ယှဉ်ကာ      စိုက်ပျိုးကြည့်မည်ဖြစ် ကြောင်းနှင့်  သြဂုတ်  ၃    ရက်တွင်   တောင်သူများ ပေါ်ဆန်းဘေးကြား  စပါးပျိုးခင်းများ    စတင်ထောင်ကြ ကြောင်း  သိရသည်။   


ဆန်းတင့်(ရေကြည်)