ရေကြည်မြို့၌ ပြည်သူများ ဓာတ်အားပြည့်ဝစွာအသုံးပြုနိုင်ရန် ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းကြိုးများ အစားထိုးလဲလှယ်ပေး

 

ရေကြည်   ဇန်နဝါရီ  ၇
ဧရာဝတီတိုင်းဒေသကြီး ရေကြည် မြို့နယ် ရေကြည်မြို့၌ ပြည်သူ များ   လျှပ်စစ်ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေးနှင့်    လျှပ်စစ် ဓာတ်အားလျော့နည်းမှု မဖြစ်စေ ရေးအတွက် ဗို့အားကျဆင်းသော ရပ်ကွက်များတွင် ၁၁/၀ ဒသမ ၄  ကေဗွီ၊ ၂၀၀ ကေဗွီအေ ဓာတ်အားခွဲ ရုံ   သုံးရုံတိုးချဲ့တည်ဆောက်ခြင်း၊ ၁၁ ကေဗွီ ဓာတ်အားလိုင်းကြိုး များနှင့်   ၄၀၀  ဗို့ ဓာတ်အားလိုင်း ကြိုးများ လဲလှယ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ဗထူးရပ်ကွက် ဗထူး(၅)လမ်း ရှိ  ၁၁   ကေဗွီ   ဓာတ်အားလိုင်း၊ ကြံ့ခိုင်မှုအားနည်းနေသော သံတိုင် နှင့် ဒေသလောင်း    ကျောက်တိုင်ကို   ၁၀   မီတာ    ကွန်ကရစ်တိုင်ဖြင့် အစားထိုးလဲလှယ်ခြင်း၊ ၁၁ ကေဗွီ မြို့တွင်းလိုင်းရှိ      ကြိုးဆိုက်သေး ငယ်သော    35  mm2   ကြိုးကို AWOC 95 mm2 ဖြင့် အစားထိုး လဲလှယ်ပေးခြင်းနှင့်     ၄၀၀    ဗို့    ဓာတ်အားလိုင်းကို     Insulated Cable 95 mm2 ဖြင့် အစားထိုး လဲလှယ်ပေးခြင်း၊    ထရန်စဖော်မာ များ    တိုးချဲ့တည်ဆောက်ခြင်း  တို့ကို  ၂၀၂၂ -၂၀၂၃ တိုင်းဒေသကြီး ရန်ပုံငွေဖြင့်    Nasin    Thu Engineering      ကုမ္ပဏီလီမိတက် နှင့်   Min Chan phyo ကုမ္ပဏီ   လီမိတက်တို့က တာဝန်ယူ တည် ဆောက်လျက်ရှိရာ   ယနေ့အထိ ၇၀   ရာခိုင်နှုန်း   ပြီးစီးနေပြီဖြစ် ကြောင်း သိရသည်။
မင်းဇော်ဦး (ရေကြည်)