
ရွှေကျင် ဇန်နဝါရီ ၄
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့ နယ်၌ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသော အားဖြင့် ရှမ်းကြေးရပ်ကွက်ရှိ ရေအား (ဆွမ်းအုပ်) ပန်းခြံဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၃ ရက်က အဆိုပါ ပန်းခြံရှေ့တွင် ကျင်းပသည်။
ရေအား (ဆွမ်းအုပ်) ပန်းခြံ ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူက အမှာ စကားပြောကြားပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှု ဆောင်အရာရှိ ဦးမောင်မောင်လတ် က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက် သော မြို့ပြလမ်း (၁၀) လမ်း၊ အရှည်တစ်မိုင် ကွန်ကရစ်တံတား (Box Culvert) လေးစင်း၊ အခြား လုပ်ငန်း ၁၄ ခုတို့ကို ကုန်ကျ ငွေကျပ် ၄၆၆ ဒသမ ၀၄၅ သန်း ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း နှင့် ယခု ဖွင့်လှစ်သော ရေအား (ဆွမ်းအုပ်) ပန်းခြံကို ကလေး ကစားစရာဆီးဆော၊ နှစ်ယောက် ထိုင် ကွန်ကရစ်ထိုင်ခုံ၊ ပျိုးဥယျာဉ်၊ ဆွမ်းအုပ်ပုံ၊ ဒန်းများနှင့် ပန်းခြံမီး အလှဆင်ခြင်းတို့အား စုစုပေါင်း ငွေကျပ်သိန်း ၈၀၃၀၀၀၀ ဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ ကြောင်းပြောကြားပြီး ပြည်သူ များကိုယ်စား မြို့မိမြို့ဖများ ကိုယ်စား ဦးကျော်မင်းနိုင် (ရွှေကျွန်းကြီး) ကုမ္ပဏီက ကျေးဇူး တင်စကား ပြန်လည် ပြော ကြားသည်။
ဆက်လက်၍ စစ်ဗျူဟာ (အခြေချ) (ရွှေကျင်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ဖုန်းအောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမင်းသူ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်း ရေးမှူး ရဲမှူး ကိုကိုဇော်နှင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်တိုး တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ဆက်လက်ပြီး တာဝန်ရှိသူ များက ပန်းခြံဖွင့်ပွဲ အထိမ်းအမှတ် အလံများကို ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာ သော ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် ဧည့်သည်တော်များက ရေအား (ဆွမ်းအုပ်) ပန်းခြံအား လှည့်လည် ကြည့်ရှုကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)