ရွှေကျင်မြို့နယ်မှ ဒေသခံပြည်သူ နှစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ဟု သတင်းအတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေ

 

နေပြည်တော်   ဒီဇင်ဘာ  ၆
ကရင်ပြည်နယ်  ရွှေကျင်မြို့နယ် မယ်ဝေါခီးကျေးရွာမှ    ဒေသခံ ပြည်သူ  နှစ်ဦးအား  ဒီဇင်ဘာ ၃ ရက်တွင်      လုံခြုံရေးတပ်ဖွဲ့ဝင်များ က  ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု လူမှုကွန်ရက် စာမျက်နှာများပေါ် ၌ မဟုတ်မမှန်  လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိသည်ကို    တွေ့ရှိ ရသည်။
အဆိုပါသတင်းနှင့် ပတ်သက် ၍   နယ်မြေခံလုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးနှင့်     နယ်မြေ တည်ငြိမ်အေးချမ်းမှုကို  လိုလား သည့်     ဒေသခံတစ်ဦးတို့အား ဆက်သွယ်  မေးမြန်းချက်များအရ ဒီဇင်ဘာ ၃ ရက်တွင်     အဆိုပါ ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ၌ လုံခြုံရေးတပ်ဖွဲ့ဝင် များ     လှုပ်ရှားမှုမရှိကြောင်း၊ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ များသာ   ရံဖန်ရံခါ  ဝင်ရောက်၍   ဆက်ကြေးကောက်ခံခြင်း၊အတင်း အဓမ္မ   လူသစ်စုဆောင်းခြင်း၊ ၎င်းတို့၏ တောင်းဆိုမှုများ ရရှိ ခြင်းမရှိပါက အကြောင်းမဲ့ဖမ်းဆီး ခေါ်ဆောင် သတ်ဖြတ်ခြင်းများကို   လုပ်ဆောင်လေ့ရှိကြောင်း   သိရှိ ရသည်။
တရားမဝင်      ပြည်ဖျက်မီဒီယာ များအနေဖြင့် တည်ငြိမ်အေးချမ်း မှု    ပျက်ပြားစေရန်နှင့်    မြေပြင် ဖြစ်စဉ်သတင်းမှန်များကို ပြည်သူ လူထုအထင်အမြင် လွဲမှားစေရန် ပြည်သူများကို   သတင်းအဆိပ် ခတ်ဝါဒ      ဖြန့်နေခြင်းသာဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်