ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ပဲခူးမြို့၌ ရေပြန်လည်ကျဆင်း၍ ပုံမှန်သွားလာနိုင်ပြီ

 

နေပြည်တော်  အောက်တိုဘာ  ၁၁


အောက်တိုဘာ ၇ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်   ပဲခူးမြစ်ရေသည်  စိုးရိမ် ရေအမှတ်အထက်    လေးပေခန့်   ကျော်လွန် မြင့်တက်ပြီး ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင်းရှိ လူနေရပ်ကွက်များနှင့်   အနီးရှိကျေးရွာများ အတွင်းသို့   ရေများဝင်ရောက်၍   ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။


အဆိုပါ   ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် နေရာများသို့  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်သားများ၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊    မီးသတ်တပ်ဖွဲ့ဝင်များ၊  လူမှုရေးအသင်းအဖွဲ့များက   သွားရောက်၍ ရေဘေးသင့်ဒေသခံပြည်သူ     အိမ်ထောင်စု ၆၂၈၂ စု၊ လူဦးရေ ၂၇၃၀၂  ဦးတို့ကို   ကူညီ ကယ်ဆယ်ရေးပစ္စည်းများ  ကြိုတင်စုပုံထား သည့်  ယာယီရေဘေးကယ်ဆယ်ရေးစခန်း များသို့  ကူညီကယ်ဆယ် ရွှေ့ပြောင်းပေး ခဲ့ပြီး    စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ  ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ကို   ဆောင်ရွက်ပေးပြီး   ထိုသို့ ဆောင်ရွက်ပေး      နေမှုများကို သက်ဆိုင်ရာ   တာဝန်ရှိသူများက သွားရောက်ကြည့်ရှု   အားပေးပြီး  လိုအပ်သည်များ    ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။


ယနေ့နံနက်ပိုင်းတွင်    ပဲခူး မြစ်ရေပြန်လည်ကျဆင်းမှုကြောင့် ရေကြီးရေလျှံမှု   ဖြစ်ပေါ်ခဲ့သည့် လူနေရပ်ကွက်များနှင့်   ကျေးရွာ များ၊  လမ်းများ၌   ရေပြန်လည် ကျဆင်း၍ ပုံမှန်အတိုင်းသွားလာရောင်းဝယ်မှုများ  ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း၊   ရထားစီးခရီးသွား ပြည်သူများ အဆင်ပြေစွာသွားလာ နိုင်ရေးအတွက်     ရထားခရီးစဉ် များ    ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ရေး ရေဖုံးလွှမ်းခဲ့သည့် ရထားလမ်းပိုင်း များအား     မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ရထားသံလမ်း များ၏  ကြံ့ခိုင်မှုအခြေအနေများ အား   စစ်ဆေး၍   လိုအပ်သည့်   ပြန်လည်ပြင်ဆင်ရေး   လုပ်ငန်း များ   ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။      

သတင်းစဉ်