ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့နှင့် ညောင်ခြေထောက်မြို့နယ်တို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော် စက်တင်ဘာ  ၁


ပဲခူးတိုင်းဒေသကြီး အုတ်တွင်း မြို့နယ်အတွင်း တောင်ကျရေများ ကျဆင်းပြီး ဘုံချောင်း၊ နတ်ရေ တွင်းချောင်းနှင့် ကျွဲမသေချောင်း တို့ ရေလျှံမှုများကြောင့် အုတ်တွင်း မြို့နယ်၊ ကျွဲပွဲမြို့နှင့် ညောင်ခြေ ထောက်မြို့တို့ရှိ   ကျေးရွာများ၊ ကားလမ်း၊   ရထားလမ်းတို့ ၌ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ရာ ယနေ့တွင်       တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ      နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ရေဘေး   ကူညီကယ်ဆယ်ရေး လုပ်ငန်းများ    ဆောင်ရွက်ပေး သည်။
ချောင်းများ    ရေလျှံမှုများ ကြောင့်      ရေဝင်ရောက်မှုများ  ဖြစ်ပေါ်ခဲ့သည့် ကျွဲပွဲမြို့ အင်ဒိုင်း ကျေးရွာအုပ်စု ကျောက်တလင်း ကျေးရွာရှိ အခြေခံပညာမူလတန်း  လွန်ကျောင်း(အောက်ပုံ)၊   မြေစီး ကျေးရွာအနီးရှိ ရန်ကုန်-မန္တလေး လမ်းဟောင်း     မိုင်တိုင်အမှတ်   ၁၄၁/၁  နှင့်  ၃ အကြားနေရာနှင့်   ညောင်ခြေထောက်မြို့ စည်ပင် သာကျေးရွာနှင့်     ဘုရားနှစ်ဆူ ကျေးရွာကြား ရန်ကုန်- မန္တလေး မီးရထားလမ်းရှိ    နတ်ရေတွင်း တံတားတို့၌ ရေဝင်ရောက်ခြင်း၊   အမှိုက်များပိတ်ဆို့ခြင်း၊ မြေသား ကမ်းပါးများပြိုကျခြင်းတို့ ဖြစ်ပေါ် ခဲ့ရာ   ကူညီကယ်ဆယ်ရေးအဖွဲ့ များက ရေဘေးလွတ်ရာသို့ ပစ္စည်း များ   ရွှေ့ပြောင်းပေးခြင်း၊ အမှိုက် များ  ရှင်းလင်းပေးခြင်း၊ မြေဖို့ပေး ခြင်း၊   ယာဉ်လမ်းရှင်းလင်းပေး ခြင်းများနှင့် လိုအပ်သည့်       ကူညီ ကယ်ဆယ်ရေး    လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                

သတင်းစဉ်