ရေကြီးမှုကို ကြိုတင်ပြင်ဆင်ရန် ကုလသမဂ္ဂက တောင်ဆူဒန်နိုင်ငံကို အမေရိကန်ဒေါ်လာ ၁၉ သန်း ထောက်ပံ့

 

 

ဂျူဘာ   မေ   ၉    
ကုလသမဂ္ဂ   လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ   အေဂျင်စီ က  မိုးရာသီတွင်  ရေကြီးရေလျှံမှု များအတွက်   ကြိုတင်ပြင်ဆင် ထားရန်      တောင်ဆူဒန်နိုင်ငံအား အမေရိကန်ဒေါ်လာ   ၁၉   သန်း ကူညီရန် ထုတ်ပြန်ထားခဲ့ကြောင်း ‌ပြောကြားခဲ့သည်။
ဘင်တူပြည်တွင်း    နေရပ် စွန့်ခွာစခန်းတွင်   ခိုလှုံနေသူများ နှင့် ရေလွှမ်းမိုးမှုဒဏ်ကို အများဆုံး ခံရသည့် ဒေသတွင်နေထိုင်သူများ အတွက်  ရန်ပုံငွေများကို ကူညီရေး အေဂျင်စီများထံသို့  ပေးအပ်သွား မည်ဖြစ်ကြောင်း      ကုလသမဂ္ဂ လူသားချင်း  စာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောကြားခဲ့သည်။ 
တောင်ဆူဒန်နိုင်ငံ   မြို့တော် ဂျူဘာမြို့တွင်     သုံးနှစ်အတွင်း မကြုံဖူးသည့် ရေလွှမ်းမိုးမှုဖြစ်ပွား ခြင်းကြောင့်   လူများ၏   အသက် အိုးအိမ်စည်းစိမ်များ  ပျက်စီးဆုံးရှုံး ခဲ့ကြောင်း မေ ၇ ရက်က ထုတ်ပြန် ခဲ့သည့်         ကြေညာချက်တွင်         လူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဆာရာ ဘေးဆိုလို နာရတီက ပြောကြား ခဲ့သည်။
မိုးရာသီစတင်ရောက်ရှိလာပြီ ဖြစ်သောကြောင့်  အဆိုပါရန်ပုံငွေ သည်   ဘင်တူပြည်တွင်းနေရပ် စွန့်ခွာစခန်းတွင်   နေထိုင်သော လူမှုအသိုင်းအဝိုင်းများအတွက် ရေကြီးမှုအန္တရာယ်ကို  ကြိုတင် ပြင်ဆင်ခြင်းနှင့် ကာကွယ်ခြင်းဖြင့် လူသားချင်း   စာနာထောက်ထားမှု ဆိုင်ရာ        အဖွဲ့အစည်းများကို အထောက်အကူ        ပြုမည်ဖြစ် ကြောင်း      လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေး မှူး  ဆာရာဘေးဆိုလို နာရတီက ဆက်လက်ပြောကြားခဲ့သည်။
တောင်ဆူဒန်       နိုင်ငံသည် လာမည့်လများအတွင်း   ရေကြီး ရေလျှံမှုကို  လေးနှစ်ဆက်တိုက် ကြုံတွေ့ရနိုင်ကြောင်း      ခန့်မှန်း ထားသည်။    တောင်ဆူဒန်နိုင်ငံ၌   ပြီးခဲ့သည့်လက      ရေကြီးရေလျှံ မှုမှာ     ပြည်သူ    ရှစ်သိန်းကျော် ကို    သက်ရောက်မှုရှိကြောင်း         ကုလသမဂ္ဂ၏  ထုတ်ပြန်ကြေညာ ချက်အရ  သိရသည်။                         
ဆင်ဟွာ