ရေကြောင်းသတိပေးချက်ထုတ်ပြန်

 

နေပြည်တော်   နိုဝင်ဘာ  ၂၄
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏  ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင်    အကျိုးတူ     ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO  International  Corporation  (Myanmar  E&P)  သည် ကမ်းလွန်လုပ်ကွက်အမှတ်၊ A-1  ဧရိယာတွင်  SHWE  Phase 3 Development Project အရ Pre Construction Survey လုပ်ငန်း များအား MV. HAILEY SARAH  ဖြင့် Pre  Construction Survey ဆောင်ရွက်သွားမည့်တည်နေရာကိုဖော်ပြသည့် Coordinate များ ဖြစ်သော Point A မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၀ မိနစ် ၂၁.၆၃၄၃၅ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၀၉၂ ဒီဂရီ ၃၂ မိနစ် ၃၅.၂၃၆၈၄ စက္ကန့်၊ Point B မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၀ မိနစ် ၂၀.၈၅၅၂၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၀၉၂ ဒီဂရီ ၃၂ မိနစ် ၃၇.၁၆၅၇၃ စက္ကန့်၊ Point C  မြောက်လတ္တီတွဒ်  ၁၉   ဒီဂရီ   ၄၀    မိနစ်   ၂၀.၇၀၅၃၉   စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၀၉၂ ဒီဂရီ ၃၂ မိနစ် ၃၇.၀၉၇၄၇ စက္ကန့်နှင့် Point D   မြောက်လတ္တီတွဒ်  ၁၉  ဒီဂရီ   ၄၀ မိနစ်   ၁၉.၂၁၀၄၄   စက္ကန့်၊ အရှေ့လောင်ဂျီတွဒ်   ၀၉၂  ဒီဂရီ  ၃၂  မိနစ်   ၃၆.၄၂၅၁၃   စက္ကန့်  တို့အတွင်းတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်   POSCO    International Corporation (Myanmar E&P) သည်   ကမ်းလွန်လုပ်ကွက်အမှတ်၊ A-1 ဧရိယာတွင် SHWE Phase 3 Development Project အရ Pre Construction Survey လုပ်ငန်းများအား MV. HAILEY SARAH ဖြင့် လုပ်ငန်းများ    ဆောင်ရွက်နေစဉ်ကာလအတွင်း    လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ တည်နေရာများမှ ၄ ကီလိုမီတာပတ်လည်အတွင်းအား ရေကြောင်း သတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊   ကုန်တင်စက်လှေများ၊  ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထား ခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ် ကြရန် အသိပေးကြေညာအပ်ပါသည်။                     
  သတင်းစဉ်