ရေကြောင်းသတိပေးချက်ထုတ်ပြန်

 

၁။     မြန်မာ့ရေနံနှင့် သဘာဝဓာတ်‌‌‌ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော် ရေးလုပ်ငန်းများတွင်  အကျိုးတူ  ပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည်    ကမ်းလွန်လုပ်ကွက်အမှတ်၊ M-9 နှင့် M-3 တို့တွင် Geotechnical Site Survey (GTI) and Associated Studies လုပ်ငန်းများအား Survey Vessel "MV.DP2 KEYFIELD HELMS" ရေယာဉ်ဖြင့် ဆောင်ရွက်သွားမည့်တည်နေရာကိုဖော်ပြသည့် Coordinates များဖြစ်သော Point M3 ASK-12  မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၂၅ မိနစ် ၅၈.၆၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၀ မိနစ် ၀၀.၈၃ စက္ကန့်၊ Point ZWP-16 (Zawtika-25) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၅ မိနစ်  ၂၀.၁၅ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၃ မိနစ် ၂၇.၃၈ စက္ကန့်၊ Point ZWP-17(Zawtika-29) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ  ၃၁ မိနစ်  ၀၄.၈၃ စက္ကန့်၊ အရှေ့လောင်ဂျီ တွဒ် ၉၆ ဒီဂရီ ၀၀ မိနစ် ၃၉.၇၇ စက္ကန့်၊ Point ZWP-18 (Zawtika-14) မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၇ မိနစ် ၀၀.၁၆ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၆ မိနစ် ၀၅.၅၂ စက္ကန့်နှင့် Point ZWP-19(Zawtika-12) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၅ မိနစ် ၁၇.၃၁ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၆ မိနစ်  ၃၅.၇၉ စက္ကန့်တို့အတွင်းတွင်  ၂၀၂၂ ခုနှစ် ဖေဖော် ဝါရီလ ၇ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၅ ရက်နေ့အထိ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

 


၂။     သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ်  M-9 နှင့့်် M-3 တို့တွင် Geotechnical  Site  Survey (GTI) and Associated Studies လုပ်ငန်းများအား Survey Vessel "MV.DP2 KEYFIELD HELMS" ရေယာဉ်ဖြင့် လုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်း များ  နှောင့်နှေးကြန့်ကြာမှုမဖြစ်ပေါ်စေရေးအတွက်  ဖော်ပြပါ လုပ်ငန်းခွင်တည်နေရာများမှ (၄) ကီလိုမီတာပတ်လည်အတွင်းအား ‌ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာ ထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘော များ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နား ထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့်  ငါးဖမ်းကိရိယာများ ချထားခြင်း မပြု လုပ်ကြရန် အသိပေးကြေညာအပ်ပါသည်။    

 ငါးလုပ်ငန်းဦးစီးဌာန