
နေပြည်တော် မေ ၁၉
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော POSCO INTERNATIONAL Corporation (Myanmar E&P) သည် ကမ်းလွန်လုပ်ကွက်အမှတ် (A-1) ဧရိယာတွင် SHWE Phase 2 Development Project အရ Offshore Installation Activities လုပ်ငန်းများအား Offshore Construction Vessel, TELFORD 25 (Call Sign: ZDIS3) ဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ရည်ညွှန်းပါစာဖြင့် ညှိနှိုင်းမေတ္တာရပ်ခံခဲ့ပြီး ဖြစ်ပါသည်။ သို့ရာတွင် အဆိုပါ နေ့ရက်တွင် လုပ်ငန်းများ မပြီးပြတ်သေးပါသဖြင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိ ဆက်လက် ဆောင်ရွက်မည်ဖြစ်ပါသည်။
Offshore Installation Activities လုပ်ငန်းများ ဆောင်ရွက်မည့် ဧရိယာအကျယ်အဝန်းများကို ဖော်ပြသည့် Coordinate များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
Point Latitude Longitude
A 19° 51' 41.115" N 92° 24' 04.340" E
B 19° 51' 42.759" N 92° 33' 27.202" E
C 19° 39' 52.762" N 92° 33' 29.159" E
D 19° 39' 51.136" N 92° 24' 06.988" E
ကမ်းလွန်လုပ်ကွက်အမှတ် (A-1) ဧရိယာတွင် SHWE Phase 2 Development Project အရ Offshore Installation Activities လုပ်ငန်းများအား Offshore Construction Vessel, TELFORD 25 (Call Sign: ZDIS3) ဖြင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ငန်း ကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ တည်နေရာ များမှ ၄ ကီလိုမီတာပတ်လည်အတွင်း သင်္ဘောကြီးငယ်များ၊ ကုန်တင် စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်း သွားလာခြင်းနှင့် ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်းမရှိစေရန် ရေကြောင်းသတိပေးချက် (Notice to Mariners) အား ထုတ်ပြန်ကြေညာထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်