ရေကြောင်းသတိပေးချက်

နေပြည်တော်   ဖေဖော်ဝါရီ   ၆
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင်     အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO Inter-national  Corporation (Myanmar E&P)သည် ရွှေစီမံကိန်းရှိ    SHWE   Phase  3   Development Project အရ Environmental Impact Assessment Survey လုပ်ငန်းများအား MV. JENNY ဖြင့်  ဆောင် ရွက်သွားမည့်  တည်နေရာကို ဖော်ပြသည့် Coor-dinate များဖြစ်သော Point A မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၁ မိနစ် ၁၁.၃၅ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၁ မိနစ် ၃၁.၈၆ စက္ကန့်၊ Point B မြောက် လတ္တီတွဒ် ၁၉ ဒီဂရီ ၄၁ မိနစ် ၄၀.၁၇ စက္ကန့်၊ အရှေ့ လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၂ မိနစ် ၃၃.၄၈  စက္ကန့်၊ Point C    မြောက်လတ္တီတွဒ်    ၁၉ ဒီဂရီ ၃၉ မိနစ် ၅၂.၆၇ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၂ မိနစ် ၁၅.၂၁  စက္ကန့်နှင့်    Point D   မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၀ မိနစ် ၂၃.၂၇ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ     ၃၃  မိနစ်   ၂၀.၁၉  စက္ကန့်တို့အတွင်း တွင်   ၂၀၂၄  ခုနှစ်    ဖေဖော်ဝါရီ  ၂၈  ရက်မှ    ၂၀၂၄   ခုနှစ်   မတ် ၂၀ ရက်အထိ   ဆောင်ရွက်သွားမည် ဖြစ်သည်။
သို့ဖြစ်ပါ၍   ရွှေစီမံကိန်းရှိ   SHWE Phase 3 Development  Project   အရ   Environmental Impact    Assessment   Survey    လုပ်ငန်းများကို MV.JENNY   ဖြင့်    လုပ်ငန်းများဆောင်ရွက်နေစဉ် ကာလအတွင်း လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ တည် နေရာများမှ ၄ ကီလိုမီတာပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍  သင်္ဘောကြီးငယ်များ၊   ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ် သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချ ရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာ များ ချထားခြင်းမပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာန က    အသိပေးကြေညာထားကြောင်း    သတင်း ရရှိသည်။
သတင်းစဉ်