
၁။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO INTETNATIONAL Corporpation (Myanmar E&P) သည် ကမ်းလွန်လုပ်ကွက်အမှတ် (A-1) ဧရိယာတွင် SHWE Phase 2 Development Project အရ Offshore Installation Activities လုပ်ငန်းများအား Diving Support Vessel, LICHTENSTEIN (Call Sign: C6DC6) ဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ၂၀၂၂ခုနှစ် မေလ ၁၅ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ် ကြောင်း ရည်ညွှန်းပါစာဖြင့် ညှိနှိုင်းမေတ္တာရပ်ခံခဲ့ပြီးဖြစ်သည်။ သို့ရာတွင် အဆိုပါ နေ့ရက်တွင် လုပ်ငန်း များ မပြီးပြတ်သေးပါသဖြင့် ၂၀၂၂ ခုနှစ် မေလ ၁၆ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါသည်။
၂။ Offshore Installtion Activities လုပ်ငန်းများ ဆောင်ရွက်မည့် ဧရိယာအကျယ်အဝန်းများကို ဖော်ပြသည့် Coordinate များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
Point Latitude Longitude
A 19. 51' 41.115 " N 92. 24' 04.340 " E
B 19. 51' 41.759 " N 92. 33' 27.202 " E
C 19. 39' 52.762 " N 92. 33' 29.159 " E
D 19. 39' 51.136 " N 92. 24' 06.988 " E
၃။ ကမ်းလွန်လုပ်ကွက်အမှတ် (A-1) ဧရိယာတွင် Shwe Phase 2 Development Project အရ Offshore Installation Activities လုပ်ငန်းများအား Diving Support Vessel, LICHTENSTEIN (Call Sign: C6DC6) ဖြင့် ၂၀၂၂ ခုနှစ် မေလ ၁၆ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ရက်နေ့အထိ လုပ်ငန်း ဆောင်ရွက်နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ တည်နေရာများမှ ၄ ကီလိုမီတာပတ်လည်အတွင်း သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းမရှိစေရန် ရေကြောင်းသတိပေးချက် (Notice to Mariners) အား ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည်။ သတင်းစဉ်