
၁။ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေ တူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက် ရှိသော POSCO INTERNATIONAL Corporation(Myanmar E&P) သည် ကမ်းလွန်လုပ်ကွက်အမှတ်၊ A-1 ရှိ SHWE Phase 2 Develop-ment Project Area တွင် Drilling Campaign လုပ်ငန်းများအား Semi-Submersible Drilling Rig “OCEAN MONARCH” ဖြင့် လုပ်ငန်းများ ဆောင်ရွက်မည့်ဧရိယာများဖြစ်သော Point-A မြောက် လတ္တီတွဒ် ၁၉ ဒီဂရီ ၅၄ မိနစ် ၀.၁၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၇ မိနစ် ၄၂.၉၈ စက္ကန့်၊ Point-B မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၈ မိနစ် ၅၀.၁၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၁ မိနစ် ၄၉.၇၀ စက္ကန့်၊ Point-C မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၃ မိနစ် ၄၄.၈၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၅ မိနစ် ၄၈.၂၂ စက္ကန့်နှင့် Point-D မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၈ မိနစ် ၄၄.၂၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၉ မိနစ် ၃၃.၁၂ စက္ကန့် အတွင်းတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ်၊ A-1 ရှိ SHWE Phase 2 Development Project Area တွင် Drilling Campaign လုပ်ငန်း များအား Semi-Submersible Drilling Rig “OCEAN MONARCH” ဖြင့် လုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမဖြစ်ပေါ်စေရေးအတွက် တွင်းတူးဖော်မည့် တည်နေရာများမှ (၄)ကီလိုမီတာပတ်လည်အတွင်းအား ရေကြောင်း သတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများချထားခြင်း မပြုလုပ်ကြရန် အသိပေးကြေညာအပ်ပါသည်။
ငါးလုပ်ငန်းဦးစီးဌာန