ရေကြောင်းနှင့် လေကြောင်း လူငယ်မောင်မယ်များ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်၊ အထင်ကရနေရာများသို့ သွားရောက်လေ့လာ

 

နေပြည်တော်  မေ   ၁၈
နေပြည်တော်သို့ ရောက်ရှိနေသော ရေကြောင်းလူငယ်    အခြေခံနှင့် တန်းမြင့်     သင်တန်းအမှတ်စဉ် (၁/၂၀၂၄)     နှင့်      အခြေခံနှင့် တန်းမြင့်လေကြောင်း     လူငယ် သင်တန်းအမှတ်စဉ်  (၁/၂၀၂၄) မှ သင်တန်းသား    သင်တန်းသူများ နှင့် အုပ်ချုပ်သူနည်းပြများသည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရှိ   ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား    ပူဇော်ထားရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်   မြတ် ကြီးအား      သွားရောက်ဖူးမြော် ကြည်ညိုကြပြီး သူရဲကောင်းဗိမာန် (နေပြည်တော်)  နှင့်    တပ်မတော် စစ်သမိုင်းပြတိုက်သို့ သွားရောက် လေ့လာကြသည်။
အဆိုပါ    ရေကြောင်းလူငယ်၊ လေကြောင်း လူငယ်သင်တန်းများ မှ   သင်တန်းသား၊   သင်တန်းသူ များသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရှိ     ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာ ပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓ ရုပ်ပွားတော်များအနက်      ဉာဏ် တော်  အမြင့်ဆုံးဖြစ်သည့်   မာရ ဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား       ဖူးမြော်ကြည်ညိုကြရာ ရှင်းလင်းဆောင်၌  မာရဝိဇယ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး      ဂေါပက အဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်     ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း  လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့်  ကျွမ်း ကျင်ပညာရှင်များက  မာရဝိဇယ ဘုရားကြီး      တည်ထားကိုးကွယ် ပူဇော်ရခြင်းရည်ရွယ်ချက်၊ ရုပ်ပွား တော်မြတ်ကြီးအား  လုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့်    အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊    လက်ရှိ ထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီ စက်ကိရိယာများ    အသုံးပြု၍ ကျောက်စာရုံ     စေတီတော်များ တည်ထား   ဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနား ကြီးများ  စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှု  အခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး   မာရ ဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ     တည်ထားပူဇော် နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ထို့နောက်    ရေကြောင်းနှင့် လေကြောင်း   လူငယ်မောင်မယ် များသည်    မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား    သွားရောက် ဖူးမြော်ကြည်ညိုကြပြီး      ဘုရား ရင်ပြင်တော်  ပတ်လည်၌ စကျင် ကျောက်များအသုံးပြု၍    တည် ဆောက်ထားသည့်       ဂန္ဓကုဋိ၊ မော်ကွန်းတိုက်၌   မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့်     ဗုဒ္ဓ ဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ မှတ်တမ်းဓာတ်ပုံများ၊    အဂ္ဂါဓိပတိ သာသနာ့      ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိက    အဆောက် အဦများကို     လေ့လာကြည့်ရှုကြ သည်။
အလားတူ ရေကြောင်းလူငယ် မောင်မယ်များသည် သူရဲကောင်း ဗိမာန်  (နေပြည်တော်)  သို့ သွား ရောက်  လေ့လာခဲ့ကြပြီး   သူရဲ ကောင်း   ဗိမာန်အား   အဖွဲ့လိုက် အလှည့်ကျ အလေးပြုကြသည်။ ထို့နောက် သူရဲကောင်းဗိမာန်အား လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက         လိုက်လံ ရှင်းလင်းပြသကြသည်။
ထို့ပြင်  လေကြောင်းလူငယ် မောင်မယ်များသည် နေပြည်တော် ရှိ တပ်မတော် စစ်သမိုင်းပြတိုက်သို့ သွားရောက်           လေ့လာကြရာ တပ်မတော်    (ကြည်း)   ပြကွက်၊ တပ်မတော် (ရေ)       ပြကွက်၊ တပ်မတော် (လေ)       ပြကွက်နှင့် ပြင်ပပြကွက်များကို        တာဝန် ရှိသူများက    လိုက်လံရှင်းလင်း ပြသကြပြီး  သင်တန်းသားများ၏ သိရှိလိုသည်များ    မေးမြန်းမှုကို  ပြန်လည်    ရှင်းလင်းဖြေကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်