
ပျဉ်းမနား မေ ၁၃
နေပြည်တော် ပျဉ်းမနားမြို့နယ်စီမံအုပ်ချုပ်ရေးရုံး၌ ဖွင့်လှစ်ထား သည့် OSS ရုံးတွင် ရွေးကောက်ပွဲ ဆိုင်ရာမဲစာရင်းများ ပြုစုနိုင်ရေး အတွက် နိုင်-၄ မှတ်တမ်းများ စာရင်းရေးသွင်းနေမှုအခြေအနေများကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နှင့် ကောင်စီအဖွဲ့ဝင်များက မေ ၆ ရက်တွင် ကြည့်ရှုစစ်ဆေးသည်။
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ အား ကောင်စီအဖွဲ့ဝင် နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်သိန်းဆိုင်က လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ ကို ရှင်းလင်းတင်ပြခဲ့သည်။
မြို့နယ်(ပြန်/ဆက်)