ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းအား လည်ပတ်စရာဒေသတစ်ခုဖြစ်လာရန် ဖော်ဆောင်နေ

 

မင်းဘူး   စက်တင်ဘာ   ၁၅


မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော် မန်းချောင်း အပန်းဖြေဆင်စခန်းသည် မြန်မာ့သစ်လုပ်ငန်း မင်းဘူးခရိုင် သစ်ထုတ် ရေးဒေသလက်အောက်တွင်ရှိပြီး   ၂၀၁၉  ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က စတင်ဖွင့်လှစ်ကာ ဧက ၇၀၀  ကျယ်ဝန်း၍     ပန်းတောင်း-  ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောတွင် တည်ရှိသည်။


ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးကိုအခြေခံ၍    ခရီးသွားလုပ်ငန်း များ   ဖွံ့ဖြိုးတိုးတက်စေရန်၊ ဆင်ဝန်ထမ်းများနှင့်  ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် ပြည်သူလူထုပူးပေါင်း ပါဝင်သော (Community Base  Tourism) လုပ်ငန်းများ   ထွန်းကား လာစေရန်၊ ဆင်များ၏ အလေ့အထ အမူအကျင့်နှင့်  နေထိုင်မှုသဘာဝ များကို    သိရှိနားလည်ပြီး   ဆင်များအပေါ် ချစ်ခင်မြတ်နိုးတတ်စေ ရန်၊   Ecotourism    ဖွင့်လှစ်တည်ထောင်ခြင်းဖြင့်     မြန်မာ့သဘာဝ တောတောင်ရေမြေ၏     အလှအပတရားများကို        ခံစားတတ်လာပြီး ထိန်းသိမ်းစောင့်ရှောက်လိုစိတ် များ  ပေါ်ပေါက်လာကာ    သဘာဝပတ်ဝန်းကျင်   ကာကွယ်ရေးကို အထောက်အကူဖြစ်စေရန်၊  အစိမ်း ရောင်  စီးပွားရေးလုပ်ငန်းဖြင့်    နိုင်ငံတော်အတွက် ဝင်ငွေရရှိစေရန်     စသောရည်ရွယ်ချက်များဖြင့်      ရွှေစက်တော်မန်းချောင်း     အပန်းဖြေဆင်စခန်းကို  ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း မင်းဘူးခရိုင် သစ်ထုတ်ရေး လက်ထောက်မန်နေဂျာ ဦးလှသန်းထံက သိရသည်။


ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း မှာ ရွှေစက်တော်ဘုရားမှ နှစ်မိုင်သာဝေးသောကြောင့်   စက်တော်ရာ   ပါဒခြေတော်ရာနှစ်ဆူကို     ဖူးပြီးပါက ဆင်စခန်းသို့လာ၍   ဆင်များစီးပြီး    မန်းချောင်း           တစ်လျှောက် တောတောင်ရေမြေသဘာဝ အလှအပ တရားများကို ကြည့်ရှုခံစားရင်း မိမိတို့၏  လုပ်ငန်း ခွင်များမှ ပင်ပန်းမှုများကို အတိုးချအနားယူ အပန်း ဖြေ နိုင်မည်ဖြစ်သည်။ ဆင်စခန်းတွင် ဆင်အကောင် ရေ   ၁၁ ကောင်ရှိပြီး ဆင်စီးခနှုန်းထားများမှာ နိုင်ငံ ခြားသားတစ်ဦးလျှင်  ငွေကျပ် ၁၀၀၀၀ နှင့် နိုင်ငံသား တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ ဖြစ်သည်။  ယခင်နှစ် များက    ရွှေစက်တော်ဘုရားဖူးကာလဖြစ်သော တပို့တွဲလဆန်းမှ  နှစ်ဆန်း ၁ ရက်အထိ သုံးလတာ ကာလတွင်သာ အနယ်နယ်အရပ်ရပ်မှ  ဘုရားဖူးသူ နှင့်  လာရောက်လည်ပတ်သူများကြောင်း သိရသည်။


မန်းချောင်းအပန်းဖြေဆင်စခန်းတွင် ရေမီးအစုံ ဖြင့် တည်းခိုစရာ ဘန်ဂလိုများလည်းရှိပြီး အပန်းဖြေ စရာ   အထင်ကရနေရာတစ်ခုဖြစ်သောကြောင့် ကိုဗစ်- ၁၉ အလွန်ကာလများတွင်  ကြည်လင်အေးမြ သော မန်းချောင်းရေကိုချိုး၍  တောတောင်ရေမြေ နှင့် သဘာဝအလှအပတရားများကို   ခံစားကာ ဆင်များ၏ သဘာဝများကိုလည်း လေ့လာကြည့်ရှုလို သူများအတွက် မင်းဘူး(စကု)မြို့နယ် ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင်စခန်းသည်       လေ့လာ လည်ပတ်စရာဒေသတစ်ခု      ဖြစ်လာတော့မည် ဖြစ်ပေသည်။                    

 ဇေယျာထက်(မင်းဘူး)